ကိုယ်ပိုင်ကျောင်းတွေကို နွေရာသီသင်တန်းတွေမဖွင့်ဖို့ စစ်ကောင်စီက အဓမ္မပိတ်ပင်

တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ နွေရာသီသင်တန်းတွေ မဖွင့်ဖို့ စစ်ကောင်စီက အဓမ္မပိတ်ပင်ထားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ကြာနီကန်ရွာက နေအိမ်ပေါင်း ၈၀ ကျော်ကို စစ်ကောင်စီက ဘူဒိုဇာနဲ့ ထိုးဖျက်

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာက နေအိမ်ပေါင်း ၈၀ ကျော်ကို လမ်းနယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက စက်ယန္တရားတွေသုံးပြီး ဖြိုဖျက်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံးစီးဒေသမှာ ရွှေဆက်မတူးဖို့ ဒေသခံတွေနဲ့ ကိုးကန့်တပ်တို့ သဘောတူညီမှုရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသမှာ ရွှေဆက်မတူးဖို့ ဒေသခံတွေနဲ့ ကိုးကန့်တပ်မတော် MNDAA တို့က သဘောတူညီမှု ရလိုက်‌တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ထဲမှာ KIA တပ်သားတွေ ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အချင်းများကြရာကနေ KIA နဲ့ TNLA တပ်သားတို့ ထိုးကြိတ်မှုဖြစ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သား အင်အားတစ်ရာကျော်က ဝင်ရောက်ရာကနေ အချင်းချင်း အငြင်းပွါးမှုဖြစ်ပွါးပြီး KIA နဲ့ TNLA တပ်သားတို့ ထိုးကြိတ်တဲ့ထိ ဖြစ်ပွါးခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးပြီး လက်တော့ပ်၊ဖုန်းတွေပါ သိမ်းဆည်သွား

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့၊ စပ်စီကျေးရွာက ချင်းအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ လာရောက်ပြီး ဖမ်းဆီးကာ လက်တော့ပ်နဲ့ ဖုန်းတွေပါ သိမ်းယူသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မှာ ကျားဖြန်ရုံအများပြား ကျန်ရှိနေပြီး စစ်ကောင်စီကို သိန်းရာနဲ့ချီ အခွန်ပေးဆောင်ပြီး ဖွင့်လှစ်နေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်ရုံအများအပြားကျန်ရှိနေပြီး စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့တွေကို အခွန်ပေးဆောင်ပြီးဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကရင်ပြည်နယ်ကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကဒီနေ့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းအရှေ့ ကျိုင်းတုံနဲ့ တာချီလိတ်မှာ တစ်ပတ်အတွင်း လုယက်မှု၊ ခိုးမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့

ရှမ်းအရှေ့ ကျိုင်းတုံမြို့နဲ့ တာချီလိတ်မြို့မှာ တစ်ပတ်အတွင်း လုယက်မှု၊ ခိုးမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်ကိုင်ထားတဲ့ အမျိုးသားနှစ်ဦးက မူဆယ်မြို့ လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ ဖုန်းလုယက်

ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ လမ်းမပေါ်မှာ သေနတ်ကိုင်ထားတဲ့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ဖုန်းလုယက်မှု ဖြစ်ပွားခဲ့တယ်လို့ မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မုံးစီးမှာ သေဆုံးသူတွေရဲ့ အသုဘစရိတ်နဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဆေးရုံစရိတ်ကို MNDAA က တာဝန်ယူဖြေရှင်းပေးမယ်လို့ ပြော

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာမှာ သေဆုံးသွားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတပ်သားတွေနဲ့ ဒေသခံတွေရဲ့ အသုဘစရိတ်အပြင် ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဆေးရုံစရိတ်ကို ကိုးကန့်တပ်မတော် MNDAA က တာဝန်ယူဖြေရှင်းပေးမယ်လို့ မုံးစီးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။