နွားထိုးကြီးမြို့ ဝက်လူး ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂၅ ဦး သေဆုံးပြီး အရာရှိ ၂ ဦးအပါအဝင် ၁၄ ဦး ဖမ်းမိ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ စစ်‌ကောင်စီစစ်ကြောင်းကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်သား ၂၅ ဦး သေဆုံးပြီး အရာရှိ ၂ ဦး အပါအဝင် ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

ဘားအံ-မော်လမြိုင် ကားလမ်းပေါ်က ဂျိုင်းတံတား ဖွင့်ပွဲကို တက်ရောက်တဲ့ စစ်ကောင်စီဝန်ကြီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ကရင်နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဘားအံ-မော်လမြိုင် ကားလမ်းပေါ်မှာ ဂျိုင်းတံတားဖွင့်ပွဲ တက်ရောက်ခဲ့တဲ့ စစ်ကောင်စီဝန်ကြီးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည် လွတ်မြောက်ရေးတပ်တော်- MLA က မနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ဖြစ်နေပြီး နှစ်ဖက်အထိအခိုက် အကျအဆုံး များနေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မတ္တရာမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး သေဆုံး

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ရရှိထားတဲ့ အောင်မြင်မှုဟာ တာရှည်ခံဖို့ အစမ်းသပ်ခံကာလဖြစ်ပြီး ၃ ဖွဲ့အကြား စည်းလုံးညီညွတ်မှု လက်ရှိထက်ပိုပြီး လုပ်ဆောင်သွားရမယ်လို့ MNDAA တည်ထောင်ခြင်း ၃၆ နှစ်ပြည့်မှာ TNLA နဲ့ AA ပြော

ညီနောင်မဟာမိတ် ၃ ဖွဲ့ ရရှိထားတဲ့ အောင်မြင်မှုဟာ တာရှည်ခံဖို့ အစမ်းသပ်ခံကာလဖြစ်ပြီး ၃ ဖွဲ့အကြား စည်းလုံးညီညွတ်မှု လက်ရှိထက်ပိုပြီး လုပ်ဆောင်သွားရမယ်လို့ တအာင်းတပ်မတော်- TNLA နဲ့ အာရက္ခတပ်တော်- AA က ပြောဆိုလာပါတယ်။

ဗန်းမော်မှာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဒရုန်းတချို့ ပစ်ချနိုင်ခဲ့ပြီး ကာကင်းစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း ကချင်တပ်မတော်- KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ ဒရုန်းတချို့ကို ပစ်ချနိုင်ခဲ့ပြီး ကာကင်းစခန်းတချို့လည်း သိမ်းပိုက်ရရှိထားကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုးဗြဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အသေခံဒရုန်းနဲ့ တိုက်ခိုက်နေ

ရှမ်းဝောာင် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်း‌ရင်းမြစ်တွေဆီက သိရပါတယ်။

ကျောက်မဲမှာ သိန်းတစ်သောင်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးကို TNLA ဖမ်းဆီးရမိ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနဲ့ သိန်းတစ်သောင်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

လားရှိုးမြို့နယ်က အမျိုးသမီးတစ်ဦး ခြံရှင်းနေချိန် စစ်ကျန်လက်နက် ပေါက်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရ

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် ကြာကန်နောင်လိုင် (ခ) နောင်မိုကျေးရွာက အမျိုးသမီးတစ်ဦးဟာ ခြံရှင်းနေရင်း မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကို ပေါက်ပြားနဲ့ ပေါက်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း အစ်မဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး ဒဏ်ရာရ

ရှမ်းမြောက် နောင်ချိုမြို့နယ်က နားကျောင်းခမ်းကျေးရွာထဲကို စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။