Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ဗန်းမော် မြို့သိမ်းတိုက်ပွဲ ၃ လကျော် ကြာတဲ့အထိ ဆက်လက် ပြင်းထန်နေ
တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ တပ်ကို KIA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။
TNLA နဲ့ KIA ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နှစ်ဖက်တပ်အပြင် ရှမ်းမြောက်က လူထုနဲ့ပါ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ KIA ပြော
တအာင်းတပ်မတော်- TNLAနဲ့ ကချင်တပ်မတော်- KIA တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေ အငြင်းပွားမှုကို နှစ်ဖက်တပ်အပြင် ရှမ်းမြောက်က လူထုနဲ့ပါ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။
တမူးမြို့နယ် ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့ အိန္ဒိယလွှတ်တော်မှာ အဆို တင်သွင်းထား
အိန္ဒိယ-မြန်မာနယ်စပ် ချင်းလူမျိုးတွေနေထိုင်တဲ့ တမူးမြို့နယ် ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည် သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းပေးဖို့ မဏိပူရ်ပြည်နယ်အမတ်က အိန္ဒိယ လွှတ်တော်မှာ အဆို တင်သွင်းထားပါတယ်။
တောင်သာမြို့မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
မန္တလေးတိုင်း တောင်သာမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အေးကြင်းရွာ ဘုရားဝင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက ဒီနေ့ မတ်လ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဂန့်ဂေါမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်လို့ CDM တပ်သား ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး ပြင်းထန်ဒဏ်ရာရ
မကွေးတိုင်း ဂန့်ဂေါမြို့နယ် စင်ပုံကျေးရွာအနီး စစ်သုံ့ပန်း ထားရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ CDM တပ်သား ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။