Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
လန်ဆယ်ဒေသမှာ ရွှေလုပ်ကွက်အတွက် ဒေသခံတွေရဲ့ သဘောတူညီမှု မရှိဘဲ KIA က မြေဧက ထောင်ချီ သိမ်းယူ
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဆယ်ဒေသမှာ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်တပ်မတော်- KIA ဘက် တာဝန်ပေးထားသူက ရွှေလုပ်ကွက်အတွက် ဒေသခံနဲ့ သဘောတူညီမှုမရှိဘဲ ဒေသခံတွေရဲ့ မြေဧက ထောင်ချီ သိမ်းယူနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
လားရှိုး-သီပေါကြားမှာရှိတဲ့ စဉ့်အင်တံတား ပြန်လည် ပြုပြင်နေတာကြောင့် ချောင်းကူးဖို့ ကားတစ်စီးကို ဖောင်ခ ၅ သောင်းခန့် ပေးရ
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးနဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ကြားရှိ စဉ့်အင်တံတားကို ပြန်လည် ပြုပြင်နေတာကြောင့် ချောင်းကူးဖို့ ဖောင်ခ ကားတစ်စီး ၅ သောင်းခန့် ပေးနေရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ စက်ပစ္စည်းကလွှဲပြီး ကျန်ကုန်ပစ္စည်း တရုတ်က သယ်ယူခွင့်ပြု
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ စက်ပစ္စည်းကလွှဲပြီး ကျန်ကုန်ပစ္စည်းတွေကို တရုတ်ဘက်က သယ်ယူခွင့် ပြုပေးနေပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ရှမ်းမြောက်က ကားသမားတွေ မန္တလေးဘက် အသွားအလာ ပုံမှန် ရပေမဲ့ စစ်ကောင်စီရဲ့ ခွင့်ပြုကုန်တွေကိုသာ သယ်ဆောင်ခွင့် ရတဲ့အပြင် လမ်းကြေးလည်း သိန်းဆယ်ချီအထိ ပေးနေရ
ရှမ်းမြောက်မှ မြို့နယ်တချို့က ကားသမားတွေဟာ မန္တလေးမြို့ဘက် ပုံမှန် သွားလာလို့ရနေပေမဲ့ စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုကုန်တွေသာ တင်ဆောင်ခွင့် ရသလို လမ်းကြေးလည်း သိန်းဆယ်ချီအထိ ပေးနေရတယ်လို့ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။
ပေါက်မြို့နယ် ထောက်ရှာပင်ရွာကို လေကြောင်းကနေ တိုက်ခိုက်၊ အမျိုးသမီး တစ်ဦး သေဆုံးပြီး ကျောင်းသူတစ်ဦးဒဏ်ရာရ
မကွေးတိုင်း ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramoter)နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျောင်းသူတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီပြည်ရှိ မြို့နယ်တချို့မှာ ရေရှားပါးမှုနဲ့ ကြုံနေရပြီး စစ်ရှောင်စခန်းတချို့မှာလည်း အလှည့်ကျစနစ်နဲ့သာ ရေချိုးနေရ
ကရင်နီပြည် ဒီးမော့ဆို၊ ဘောလခဲ၊ လွိုင်ကော်အရှေ့ခြမ်းနဲ ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ ကြုံနေရပြီး စစ်ရှောင်စခန်းတချို့မှာ အလှည့်ကျစနစ်နဲ့သာ ရေချိုးနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။