မတ္တရာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆယ်နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၅ ဦး ထပ်မံ သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်‌ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ဒေသခံ ၅ ဦး ထပ်မံ သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်ရေး လိုလားကြောင်း PNFC ပြော

မနေ့ မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်ရေး လိုလားကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ- PNFC ရဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောကြားခဲ့ပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် မီးရှို့

စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် မီးရှို့တာတွေ ပြုလုပ်နေပါတယ်။

တန့်ယန်းမှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၊ ဆယ်နှစ်အောက် ကလေးငယ် ၂ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရှမ်းမြောက် တန့်ယန်းမြို့မှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ် ၂ ဦး သေဆုံးပြီး တစ်ဦးက ထိခိုကိဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

တန့်ယန်းမှာ ကျားဖြန်လုပ်ကိုင်သူ ၁၆ဝ ကျော် ဖမ်းဆီးရမိ၊ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံထံ လွှဲပြောင်းပေးမယ်လို့ စစ်ကောင်စီပြော

စစ်ကောင်စီနဲ့ “ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ ကျားဖြန်လုပ်ကိုင်သူ ၁၆၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ မတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တောင်းခမ်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အဆိပ်ငွေ့လို့ ယူဆရတဲ့ဗုံး စစ်ကောင်စီတပ် အသုံးပြုတိုက်ခိုက်

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်-TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေကို စစ်တပ်က အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

TNLA နဲ့ KIA ကြား နယ်မြေအငြင်းပွားမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ NUG တိုက်တွန်း

တအာင်းတပ်မတော်- PSLF/TNLA နဲ့ ကချင်တပ်မတော်- KIO/KIA တို့အကြား နယ်မြေအငြင်းပွားမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

ရှမ်းပြည်တော်လှန်ရေးနဲ့ PNF မှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေကို PSLF/TNLA က ဂုဏ်ပြုချီးမြှင့်

၁၉၅၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ရှမ်းပြည်တော်လှန်ရေးနဲ့ ၁၉၆၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပလောင်အမျိုးသားတပ်ဦး- PNF မှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေကို တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသားတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ရွာအနီးကို စစ်ကောင်စီတပ်က Paramotor လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ ရှိ စစ်ကောင်စီတပ်ဟာ TNLA နဲ့ ပူးပေါင်းတပ်ရဲ့ ဝိုင်းရံပိတ်ဆို့တာ ခံနေရပြီး လေကြောင်းနဲ့သာ လက်နက်ခဲယမ်း ပို့ဆောင်နေရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်းအမှတ် ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်- TNLA နဲ့ ပူးပေါင်းတပ်ရဲ့ ဝိုင်းရံပိတ်ဆို့တာ ခံနေရပြီး လေကြောင်းနဲ့သာ လက်နက်ခဲယမ်း ပို့ဆောင်နေရတယ်လို့ သိရပါတယ်။