Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ဝါရာဇွပ် ပြည်သူ့စစ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဆယ်ယောက်ကျော် သေဆုံး၊ ဒေသခံနေအိမ် ၁၆ လုံး မီးရှို့ဖျက်ဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ရွာကနေ ရှဒူးဇွပ်ရွာဘက် ချီတက်လာတဲ့ ဝါရာဇွပ် ပြည်သူ့စစ် စစ်ကြောင်းကို မနေ့ မတ်လ ၁၄ ရက် မနက် ၇ နာရီခန့်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှု ရှိကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဗုံးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိ
ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ ဗျူဟာ(၁)ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မြိုင်မြို့နယ် ဝယ်တောင်ရွာ ဘုန်းကြီးကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ကိုရင်ကြီးတစ်ပါး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်ရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်ကြီးတစ်ပါးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံက လူ ၁ သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့ WFP ရပ်ဆိုင်းတော့မယ်
ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို ရပ်ဆိုင်းတော့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်- WFP က ဒီနေ့ မတ်လ ၁၄ ရက် နေ့လယ်မှာ ထုတ်ပြန်လာပါတယ်။
စဉ့်ကူး လက်ပံလှရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရ
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့ မတ်လ ၁၄ ရက် ည ၇ နာရီကျော်မှာ ထုတ်ပြန်လာပါတယ်။
အကျဉ်းကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို တာဝန်ပြန်ထမ်းဆောင်ရင် မူလရာထူး ပြန်ပေးမယ်ဆိုပြီး စည်းရုံးနေ
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးညှင်းက အကျဉ်းထောင် ၂ ခုမှာ နှစ်ရှည်အကျဉ်းကျနေတဲ့ ရဲ၊ စစ်ကောင်စီတပ်သားတွေကို လက်ရှိမှာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ အကျဉ်းဦးစီးဌာနဝန်ထမ်းနဲ့ ထောင်အာဏာပိုင်တွေက ပြောဆိုစည်းရုံးနေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကျောက်ဖြူ ကြတ္တိန်ရွာ ဗုံးကြဲခံရ၊ အရပ်သားတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၅၀ ကျော် ပျက်စီး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကြတ္တိန်ရွာကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒရုန်းနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးကာ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၅၀ ကျော်နဲ့ စပါးကျီ မီးလောင်ပျက်စီးခဲ့ပါတယ်။