မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ လက်နက်ကြီး‌ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၁ ဦး ဒဏ်ရာရ ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုနွေဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရ

နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ မူဆယ်မြို့ ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကလေးမြို့မြောက်ပိုင်းက ကျေးရွာသုံးရွာကို လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ဦးထိခိုက်ပြီး နွား ငါးကောင်ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွား ၅ ကောင်ထက်မနည်းလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ကြီးမှာ မှတ်ပုံတင်သွားလုပ်တဲ့ ရှမ်းမြောက်က ဒေသခံတွေ ၆ သိန်းအထိ ပေးနေရ

ရှမ်းတောင် တောင်ကြီးမြို့မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) သွားလုပ်တဲ့ ရှမ်းမြောက်က ဒေသခံတွေဟာ မှတ်ပုံတင်တစ်ခုရဖို့ တစ်ဦးကို ငွေကျပ် ၆ သိန်းအထိ ပေးနေရတယ်လို့ ကိုယ်တိုင်ပေးခဲ့ရသူ အမျိုးသားတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ဖြစ်ပွားခဲ့တဲ့ ကားခိုးမှုပြဿနာမှာ ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်အချင်းချင်းကြား ကားခိုးမှုဖြစ်ပွားပြီး ကားခိုးတဲ့ ပြည်သူ့စစ်နှစ်ဦးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တချို့က ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ ဆိုင်ကယ်မှောက်မှုဖြစ်ပြီး လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦး ခြေတစ်ဖက်ကျိုး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်း‌ခါးကျေးရွာမှာ ဆိုင်ကယ်မှောက်မှုတစ်ခုဖြစ်ပြီး လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးခြေထောက်တစ်ဖက်ကျိုးတာနဲ့ နောက်ထပ် အမျိုးသားတစ်ဦးက ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ချင်းတော်လှန်ရေး ၃၇ နှစ်ပြည့်နေ့အတွက် CNF/CNA က အကျဉ်းသား ၇၂ ဦး လွတ်ပေး

လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ချင်းတော်လှန်ရေးနေ့အတွက် ချင်းအမျိုးသားတပ်ဦး (CNF/CNA) က အကျဥ်းကျနေတဲ့ အကျဥ်းသား (၇၂) ဦးကို ပြန်လွတ်ပေးကြောင်း ဒီနေ့ မတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တန့်ယန်းမြို့က အမျိုးသားတစ်ဦး ၁ လကျော်ကြာတဲ့အထိ နောင်ချိုထဲမှာ ပျောက်ဆုံးနေ

ရှမ်းမြောက် တန့်ယန်းမြို့မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ မောင်ညီညီအောင်ဆိုသူဟာ နောင်ချိုမြို့ထဲမှာ ၁ လကျော်ကြာတဲ့အထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

စဉ့်ကူးမှာ လေကြောင်းထပ်မံ တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။