နောင်ချိုမြို့အနီးက တိုက်ပွဲကြောင့် ကျောက်မဲဘက်ကို စစ်ရှောင်လာတဲ့ ဒေသခံ ၇၀၀ နီးပါး အရေးပေါ် အကူအညီလိုအပ်နေ

ရှမ်းမြောက် နောင်ချိုမြို့အနီးက တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၇၀၀ နီးပါး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒုတ္ထဝတီမြစ်ရေ မြင့်တက်လာပြီး ကမ်းပါးပြိုကျမှုကြောင့် အင်းဝမြို့ဟောင်း အိုးတုတ်တန်းက ဒေသခံတချို့ ဘေးလွတ်ရာကိုအရေးပေါ်ရွှေ့ပြောင်းနေရ

ဒုတ္ထဝတီမြစ်ရေမြင့်တက်လာပြီး ကမ်းပါးပြိုကျမှုတွေရှိလာတဲ့အတွက် အင်းဝမြို့ဟောင်းမှာရှိတဲ့ အိုးတုတ်တန်းကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်မှုတွေ စတင်ပြုလုပ်နေရပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့အနီး ကံကြီးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ထံလက်လွှတ်ခဲ့ရတဲ့ နေရာအချို့ကို TNLA ပြန်ထိန်းချုပ်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီး ကံကြီးကျေးရွာမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ နေရာအချို့ကို TNLA ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်နယ် ဆိပ်မူမှာ ယမ်းသိုလှောင်ထားတဲ့နေရာတစ်ခုကို စစ်ကောင်စီ ဒရုန်းနဲ့ဗုံးကြဲ

ဖားကန့်မြို့နယ်၊ ဆိပ်မူရွာမှာ ဒီနေ့ ဇွန်လ ၉ ရက် မနက် စောပိုင်း ၁ နာရီ ဝန်းကျင်ခန့်က ယမ်းသိုလှောင်ထားတဲ့ ခြံဝင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲရာက ပေါက်ကွဲပြီး မီးလောင်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နောင်ချိုမြို့အနီး စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီးရှိ ရှောက်ခြုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သံတွဲမြို့နယ်က စစ်ရှောင်စခန်းအပါအဝင် ၃ နေရာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ထိခိုက်သေဆုံးမှုရှိ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ဘေးရှောင်စခန်းအပါအဝင် နေရာ ၃ နေရာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာ၊ ယွမ် ၅ သိန်းအထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်ပေး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာပြီး ထိန်းချုပ်နယ်မြေမှာ တရုတ်ငွေ ယွမ် ၅ သိန်း (ကျပ်သိန်း ၅ ထောင်)အထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ကိုးကန့်ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပါ လုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နမ့်ခမ်း-နမ့်ဖတ်ကာလမ်း ပြုပြင်ဖို့ ကားကြီး သွားလာခွင့် ယာယီ ပိတ်မယ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကနေ ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာသို့ ဆက်သွယ်ထားတဲ့လမ်းကို ပြုပြင်ဖို့ ၁၂ ပေအထက်ရှည်တဲ့ ကားကြီး သွားလာခွင့် ယာယီ ပိတ်ထားမယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့တွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဟားခါးမြို့မှာ ၃ လကြာ လျှပ်စီးမီး ပြတ်တောက်တာကြောင့် ဖုန်းနဲ့ ပါဝါဘဏ် အခကြေးငွေပေးပြီး အားသွင်းနေရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မတ်လကတည်းက လျှပ်စစ်မီး ပြတ်တောက်တာကြောင့် ဖုန်းနဲ့ ပါဝါဘဏ်တွေကို အခကြေးငွေပေးပြီး အားသွင်းနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။