ကော့ကရိတ်နယ်မှာ ဗုံးကြဲခံရလို့ ကလေး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ်က နေအိမ်စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကော့ကရိတ်ရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

မိုင်းဘော်မှာ TNLA တပ်သားတစ်ဦး ပစ်သတ်ခံရ

တအာင်းဒေသ မန်တုံမြို့နယ် မိုင်းဘော်(နမ့်ဟိုင်း)ကျေးရွာမှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ မိုင်းဘော်ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကောလင်းမြို့နယ် ဖလဲရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဖလဲရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလို့ စစ်ကောင်စီဘက်က သေဆုံးမှုရှိ၊ လက်ဖက်ရည်ဆိုင်မှာလည်း စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မနေ့ ဇွန်လ ၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီ ဘက်က သေဆုံးမှုရှိတဲ့အပြင် လက်ဖက်ရည်ဆိုင်မှာလည်း တပ်သား၂ ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ- TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် TLC ကို ပြောင်းလဲဖွဲ့စည်း

တအာင်းတပ်မတော်- PSLF/TNLA၊ တအာင်းအမျိုးသားပါတီ- TNP နဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ- TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း TPCC က ထုတ်ပြန်ထားပါတယ်။

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ကျေးရွာက ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦး‌ သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ၁ လုံး ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး(ပြင်ဦးလွင်ခရိုင်) အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု့ကြောင့် ၅ လအတွင်း TNLA ထိန်းချုပ်ဒေသက ဒေသခံ ၇၅ ဦးသေဆုံးခဲ့ရ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ လအတွင်း ကလေး ၉ ဦး အပါအဝင် အရပ်သား ၇၅ ဦးသေဆုံးခဲ့ပြီး ကလေး ၁၈ ဦး အပါအဝင် အရပ်သား ၁၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် TCSN က ဒီနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ ပြန်ထိန်းချုပ်

စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေ ပြန်ထိန်းချုပ်နိုင်ပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုက ဒေသခံ‌ ၆ ထောင်ကျော်ကို PNO က မောင်းထုတ်

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုက ဒေသခံ ၆ ထောင်ကျော်ကို စစ်ကောာင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ကျေးရွာအတွင်းကနေ မောင်းထုတ်နေကြောင်း ပအိုဝ်းတပ်မတော်- PNLA က ထုတ်ပြန်ထားပါတယ်။

“ဝ”နယ်စပ်ကနေ တရုတ်ဘက် မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့အဖွဲ့ကို UWSA ဖမ်းဆီးပြီး တရုတ်ဘက် လွှဲပြောင်း‎

‎”ဝ”နယ်စပ်ဒေသကနေ တရုတ်ဘက် မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို “ဝ”တပ်မတော်- UWSA ရဲ့ တရားစီရင်ရေး ကော်မတီနဲ့ တရုတ်အစိုးရ ပူးပေါင်းပြီး နှိမ်နင်းကာ ဖမ်းဆီးနိုင်ခဲ့ပြီး ဆေးပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးလိုက်တယ်လို့ ဝ အထူးရဲတပ်ဖွဲ့- WSP (Wa Special Police)က မနေ့ ဇွန်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။