မန္တလေးမှာ ပျူစောထီးငယ်တွေ ရမ်းကား၊ ဒေသခံတွေ ရိုက်နှက်နှိပ်စက်ခံရမှုတွေ များပြားလာ

မန္တလေးမြို့မှာ စစ်ကောင်စီမွေးမြူထားတဲ့ ပျူစောထီးငယ်တွေရဲ့ ရမ်းကားမှုတွေဟာ နေစဥ်နီးပါးရှိနေပြီး လူငယ်တွေအပါအဝင် ရိုက်နှက်နှိပ်စက်ခံရမှုတွေ အများအပြားရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

မိုင်းပတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကား ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို ဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ် ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ၂၄ နာရီကြာ ဖမ်းဆီးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်က ကျားဖြန့်ရုံတစ်ခုမှာ ခိုက်ရန်ဖြစ်ပွားရာကနေ တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် ကားလေးဝန်းအနီးရှိ ပြည်သူ့စစ်ပိုင် ကျားဖြန့်ရုံမှာ ပြည်သူ့စစ်ဖက်က ကြီးကြပ်သူနဲ့ ကျားဖြန့်နည်းပညာရှင် တရုတ်နိုင်ငံသားတို့ ခိုက်ရန်ဖြစ်ပွားပြီး တရုတ်နိုင်ငံသား နည်းပညာရှင်ဖက်က အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

သီပေါရှိ မိဘမဲ့ဂေဟာကျောင်းမှာ စာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ ဖွင့်ထားတဲ့ မိဘမဲ့ဂေဟာကျောင်းမှာရှိတဲ့ ကလေးငယ်တွေဟာ စာသင်ကြားဖို့အတွက် စာရေးကိယာ လို‌အပ်နေတယ်လို့ နှလုံးသားပရဟိတအဖွဲ့ခေါင်းဆောင် နေဇော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ထဲက လူစည်ကားရာ မန်ဆူကျောင်းအနီးရှိ ဖုန်းဆိုင် ၁ ဆိုင်ကို သေနတ် ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဓားပြတိုက်၊ တန်ဖိုးကြီးဖုန်းတွေ ပါသွား

စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲက လူစည်ကားရာ မန်ဆူကျောင်းအနီးမှာရှိတဲ့ ဖုန်းဆိုင်တစ်ဆိုင်ကို သေနတ် ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဓားပြ တိုက်သွားခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ PNO စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းတောင် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်- PNO စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက် မွှေနှောက်ယူဆောင်သွား

တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ယူဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့ ဖြစ်စဉ်သိရှိသူတွေ ပြောပြချက်အရသိရပါတယ်။

မှော်ဆီစာမှာ အရပ်သား ၃ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့် နဲ့ လုံးခင်းကြားရှိ မှော်ဆီစာရွာမှာ ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ မနက် အစောပိုင်းက အရပ်သား ၃ ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တာချီလိတ်မှာ ဖမ်းထားတဲ့ လိုင်စင်မဲ့ကားတွေကို စစ်တပ်က ပြန်ရွေးခွင့်မပေး၊ ကားပိုင်ရှင်တွေကိုလည်း ထောင်ဒဏ် ၃ နှစ်ချမယ်လို့ ဆို

ရှမ်းရှေ့ တာချီလိတ်မြို့မှာ ဖမ်းဆီးထားတဲ့ လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီတပ်က ပြန်ရွေးခွင့်မပေးလို့ ဒေသခံတွေ အခက်တွေ့နေရပါတယ်။

ညောင်ရွှေမှာ တောင်ကျရေနဲ့ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ

ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်က ရပ်ကွက်တချို့ ဒီနေ့ ဇွန်လ ၁၂ ရက် မနက်ပိုင်းမှာ ရေစတက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။