တအာင်းပြည်ကောင်စီ- TLC ကို ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ဂုဏ်ယူကြောင်း NUCC သဝဏ်လွှာပေးပို့

တအာင်းပြည်ကောင်စီ- TLC ကို တအာင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းလိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC က မနေ့ ဇွန်လ ၁၈ ရက်မှာ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ကလေးမြို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ မြို့ထဲက လူနေရပ်ကွက်ထဲ ကျပေါက်ကွဲပြီး နေအိမ်တချို့ပျက်စီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်ကောင်စီ အမြှောက်တပ်ရင်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ တာဟန်းရပ်ကွက်နဲ့ မွန်းလိုင်ရပ်ကွက်မှာ ကျပေါက်ကွဲလို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမြန်ဆုံးလွတ်မြောက်ဖို့ TNLAရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့မှာ ဆုတောင်းပေး

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းစီးခြင်းကို ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PSLF/TNLAရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က ဆုတောင်းပေးတဲ့ ရုပ်သံဖိုင်ကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဝေမျှထားပါတယ်။

လိုင်စင်မဲ့ယာဉ် အဖမ်းအစီးများတဲ့ တာချီတ်လိတ်မြို့မှာ မြို့မရဲစခန်းမှူးရဲ့ ဇနီးမောင်းလာတဲ့ လိုင်စင်မဲ့ကားက အထည်ဆိုင်တစ်ခုကို ဝင်တိုက်

ရှမ်းအရှေ့ တာချီလိတ်မြို့က မြို့မရဲစခန်းမှုးရဲ့ ဇနီးဖြစ်သူက လိုင်စင်မဲ့ကားမောင်းလာပြီး မြို့ထဲကအထည်ဆိုင် တစ်ခုထဲကို ဝင်တိုက်ခဲ့ကြောင်း တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

MNDAA က ဖမ်းဆီးသွားတဲ့ မိုင်းဝီးဒေသခံ အမျိုးသား ၂ ဦး ၁ လကျော်ကြာတဲ့အထိ ပြန်မလွှတ်သေး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုထဲက အမျိုးသား ၂ ဦးကို ကိုးကန့်တပ်-MNDAA တပ်က သူခိုးလို့စွပ်စွဲပြီး ဖမ်းဆီးသွားတာ ၁ လကျော်တဲ့အထိ ပြန်လွှတ်လာတာမရှိသေးဘူးလို့ နီးစပ်တဲ့ မိသားစုဝင်တွေထံက သိရှိရပါတယ်။

တန့်ယန်းမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က စတင်ဖမ်းဆီး

စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ လိုင်စင်မဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကို စတင်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့တွင်းက ဆိုင်ကယ်ခိုးသူတစ်ဦးကို ဒေသခံတွေက ဖမ်းမိ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သူခိုးတွေ ပေါများလာတာကြောင့် ဒေသခံတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖမ်းဆီးနေရပြီး မနေ့မှာလည်း တစ်ဦးဖမ်းမိထားပါတယ်။

ကရင်နီဒေသ ဒီးမော့ဆိုမှာ စက်သုံးဆီတွေ တစ်ပတ်ခန့်လောက် ပြတ်လပ်နေ

ကရင်နီပြည်နယ် ဒီးမော့ဆိုမှာ စက်သုံးဆီတွေဖြစ်တဲ့ ဓာတ်ဆီနဲ့ဒီဇယ် တစ်ပတ်ခန့်လောက် ပြတ်လပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီ ထိုးစစ်တွေကြောင့် ကရင်နီပြည်မှာ ဒေသခံ ၄ သောင်းကျာ် တိမ်းရှောင်နေကြရ

ကယား(ကရင်နီပြည်)မှာ ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်တွေက အင်အား ၄ သောင်းကျော်နဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ ၄ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီရေး အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။

မူဆယ်က လိုင်းကြေးပေးဆောင်ခြင်းမရှိတဲ့ ကျားဖြန့်ရုံနှစ်ရုံ ဝင်ရောက်စီးနင်းခံရ၊ တရုတ်နိုင်ငံသား ၄၁ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၁၀၀ ကျော် ဖမ်းဆီးရမိ

တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ ဌာနဆိုင်ရာတွေထံ လိုင်းကြေးပေးဆောင်ခြင်းမရှိပဲ ဖွင့်လှစ်ထားတဲ့ ကျားဖြန့်ရုံနှစ်ရုံဟာ ဝင်ရောက်စီးနင်းခံရပြီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံ ၉၇ ဦး စုစုပေါင်း ၁၃၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။