Browsing Category
သတင်း
3841 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ကျုံဒိုးမြို့ဘက် စစ်ကူလာတဲ့ စစ်တပ်ကို ကရင်နဲ့မွန် တော်လှန်ရေးတပ် ပူးပေါင်းတိုက်ခိုက်၊ စစ်တပ်ဘက်က ၃၀ ဦး သေဆုံး
ကရင်ပြည်နယ် ကျုံဒိုးမြို့ဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နဲ့မွန် တော်လှန်ရေး ပူပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃၀ ဦး သေဆုံးပြီး တပ်ရင်းမှူးနဲ့ 2IC အဆင့် ဗိုလ်မှူးအပါအဝင် ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မွန်တပ်တော်- MLA က မနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပင်လယ်ဘူးမြို့နယ် အင်္ဂါးရွာက ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၊ ဆရာမတစ်ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် အင်္ဂါးရွာက ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
BPLA စစ်သင်တန်းဆင်းပွဲ တအာင်းဒေသမှာ ကျင်းပ၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့သူရဲ့ညီမ လက်ဖြောင့်ဆု ရရှိခဲ့
ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲ အခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့ ရဲဘော် အောင်ပိုင်ရဲ့ ညီမဖြစ်သူက လက်ဖြောင့်ဆု ရရှိခဲ့တယ်လို့ BPLA က ထုတ်ပြန်လာပါတယ်။