နမ့်ဆန်က နေအိမ်တစ်အိမ် ဖောက်ထွင်းခံရပြီး သိန်း ၃၀၀ ကျော်ပါသွား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာက နေအိမ်တစ်အိမ်ကို သူခိုးတွေဖောက်ထွင်းဝင်ရောက်ပြီး ပိုက်ဆံ ကျပ်သိန်းပေါင်း ၃၀၀ ကျော်နဲ့ တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူသွားတယ်လို့ နီးစပ်သူ ရွာခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

တိုက်ပွဲတွေရပ်ဖို့ TNLAနဲ့ စစ်ကောင်စီကို တရုတ်ခေါ်ယူ တွေ့ဆုံ

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့ PSLF/ TNLAနဲ့ စစ်ကောင်စီကို တရုတ်​နိုင်ငံက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း PSLF/TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်နယ်မြေကအရပ်သား ၅ ဦးသေဆုံး

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်က ကလေးငယ် ၁ဦး အပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုလက်မလွတ်ရရေးအတွက် ဆက်လက်ခုခံကာကွယ်သွားမယ်လို့ TNLA ပြော

စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်ထံ လက်မလွှတ်ရရေးအတွက် ဆက်လက်ခုခံကာကွယ်သွားမယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒီနေ့ ဇူလိုင် ၅ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သီပေါမြို့ကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်၊ နေအိမ်တချို့ ပျက်စီး

PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို မနေ့ ဇူလိုင် ၄ ရက် ည ၁၀ နာရီမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

သီပေါမြို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲက မနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် မြို့မဈေး ယာယီပိတ်ထားရ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ မြို့မဈေးကို ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းမိ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများကာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Zreo ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုတိုက်ပွဲကြောင့် နောင်ပိန်မှာ လာခိုလှုံတဲ့ စစ်ဘေးရှောင် ၁၈၀၀ နီးပါး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ တအာင်းတပ်မတော်-TNLAနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ လာခိုလှုံတဲ့ စစ်ဘေးရှောင် လူဦးရေ ၁၇၆၀ ဦးအထိရှိလာခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီက သိရှိရပါတယ်။