ချောင်းဦးနယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီး၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ဦးအပါ ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။