မူဆယ်က ကျားဖြန့်ရုံတစ်ခုမှာ ခိုက်ရန်ဖြစ်ပွားရာကနေ တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် ကားလေးဝန်းအနီးရှိ ပြည်သူ့စစ်ပိုင် ကျားဖြန့်ရုံမှာ ပြည်သူ့စစ်ဖက်က ကြီးကြပ်သူနဲ့ ကျားဖြန့်နည်းပညာရှင် တရုတ်နိုင်ငံသားတို့ ခိုက်ရန်ဖြစ်ပွားပြီး တရုတ်နိုင်ငံသား နည်းပညာရှင်ဖက်က အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။