ကလေးမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်ထားပြီး လူငယ်တွေ စစ်မှုထမ်းဖို့ ဖမ်းဆီး
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်က ဆက်သွယ်ရေး ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်းတွေကို တစ်ပတ်ကြာတဲ့အထိ ဖြတ်တောက်ထားပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။