ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာကို စစ်ကောင်စီ ပြန်ထိန်းချုပ်၊ တိုက်ပွဲဆက်ပြင်းထန်နေ

မိုးကုတ်–မန္တလေး လမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မိုးကုတ်–မန္တလေး လမ်းမကြီးအနီးရှိ လမ်းလယ်ကျစ်ရွာကို ပြန်ထိန်းချုပ်ခဲ့ပြီး တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို TNLA ဖမ်းဆီးရမိ၊ သူတောင်းစားပုံစံအထိ ယောင်ဆောင်စေပြီး စစ်ကောင်စီက ပုံစံမျိုးစုံနဲ့ စေလွှတ်ထားတယ်လို့ဆို

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်မှာရှိတဲ့ တအာင်းရဲတပ်ဖွဲ့က စစ်ကောင်စီ လွှတ်လာတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးရမိထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မောင်တောင်မှာ မြေမြှုပ်မိုင်းနင်းလို့ မြိုအမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂြစ်ချောင်းရွာမှာ ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ၊ ၃၀ မိနစ်အချိန်ခန့်မှာ မြေမြှုပ်မိုင်းနင်းမိလို့ မြိုအမျိုးသားတစ်ဦး ညာခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်မဲက ပင်တီးဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲ၊ ကျောက်မဲမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းအုပ်စု ပင်တီးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ္တရာ ရုံးပင်ရွာအနီးက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိသားစုဝင် ၃ ဦး ထိမှန်ပြီး ၁ ‌ဦးသေဆုံး

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မိသားစုဝင် ၃ ဦး ထိမှန်ပြီး အဲထဲက ၁ ဦးကတော့ သေဆုံးသွားပါတယ်။

ဖားကန့် မနရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသား ၅ ဦးဒဏ်ရာရ

ကချင်ပြည် ဖားကန့်မြို့နယ် မနကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကချင်ပြည် လာဟီဆယ်ဘက်က ကုန်းတကုန်းပေါ် ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ရှင်းလင်း

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စု၊ တထုံကျင်အနီးရှိ လာဟီဆယ်ဘက်က ကုန်းတကုန်းပေါ် ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ မနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ၁၂ နာရီခွဲဝန်းကျင်ခန့်က ရှင်းလင်းနိုင်ခဲ့ကြောင်း ရှေ့တန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

မူဆယ်-နမ့်ခမ်းလမ်းပေါ်မှာ SSPP တပ်က ဂိတ်အသစ်ဖွင့်ပြီး ကုန်ကားသမားတွေထံ ငွေအဆမတန်ကောက်ခံနေ

တရုတ်-မြန်မာနယ်စပ် မူဆယ်နဲ့နမ့်ခမ်းလမ်းမပေါ်ရှိ မူဆယ်မြို့နယ် မန့်စန်ကျေးရွာမှာ ရှမ်းပြည်တိုးတက် ရေးပါတီ – SSPP တပ်က ဂိတ်ဖွင့်လှစ်ထားပြီး ကုန်ကားသမားတွေဆီကို ငွေ အဆမတန်ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နမ္မတူမြို့နယ် ပန်သပြေရွာမှာ ဆိုင်ကယ် တိုက်မိလို့ အမျိုးသား ၁ ဦး သေဆုံး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်သပြေရွာမှာ ဆိုင်ကယ်အချင်းချင်း တိုက်မိတာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။