လိုင်ဇာဘက်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ပစ်ခတ်လို့ ဈေးသည် ၂ ဦးထိ

ကချင်တပ် KIO/KIA ထိန်းချုပ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း ပစ်ခတ်လို့ ဈေးသည် ၂ ဦး ထိခိုက်ဒဏ်ရာရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ တပ်အင်အားတွေ ဖြည့်တင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ တပ်အင်အားတွေ ဖြည့်တင်းပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သီပေါမြို့ရဲ့ နေရာအများစုကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်၊ မြို့ပြင်မှာ ပစ်ခတ်မှုတွေ ဆက်ရှိနေ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့ရဲ့ နေရာအများစုကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပြီး မြို့ပြင်မှာလည်း ပစ်ခတ်သံတွေ ဆက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ ဖမ်းဆီးထားတဲ့ ကျားဖျန်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၄၀၀ကျော်ပြန်လွှတ်ပေးနေ

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ဖမ်းဆီးထားတဲ့ ကျားဖျန်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၄၀၀ကျော်ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုမိန်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦးနဲ့အမျိုးသမီးငယ် ၂ဦး စုစုပေါင်း ၃ ဦးသေဆုံး

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဟိုမိန်းရွာထဲက စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးဆီက သိရပါတယ်။

နမ္မတူမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ ၃ ဦးဒဏ်ရာရ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း UWSA ပြော

စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ရဲ့ လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

မိုးမိတ်မြို့ပေါ် စစ်ကောင်စီတပ် ဗုံးထပ်ကြဲ၊ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးထပ်ကြဲခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

လက်ပံတန်းမြို့နယ်က စစ်တပ် စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၊ ၂၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦး ဖမ်းမိ

‌ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းကျေးရွာဘက်မှာ မီးရှို့ဖျက်ဆီးဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးလည်း ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

သီပေါမြို့ထဲ နေရာအများစုမှာ မီးလောင်မှုဖြစ်ပွားနေ၊ မြို့တွင်းထဲ နေရာကွက်ကြား တိုက်ပွဲပြင်းထန်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့တွင်းထဲရှိ ဌာနဆိုင်ရာနဲ့ ဒေသခံနေအိမ်တွေ မီးလောင်မှု ဖြစ်ပွားနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။