ကရင်နီပြည် မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်လို့ ၆ ဦးထက်မနည်း သေဆုံး

ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၆ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ ဘတ်ထရီကြိုးရှော့ဖြစ်ရာကနေတစ်ဆင့် မီးလောင်မှုဖြစ်ပြီး အမျိုးသားတစ်ဦးဒဏ်ရာရ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ အသေးစားဓာတ်ဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်ဖြစ်သူ ဦးခမ်းညွန့်ဆိုသူက ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က ညသန်းခေါင်ယံအချိန်မှာ ဂျက်လေယာဥ်နဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုထိုးစစ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က အတင်းအဓမ္မ တပ်သားစုဆောင်းထားတဲ့ တပ်သား‌တွေကို အသုံးပြုနေ၊ တချို့တပ်သားတွေက DPLA ထံ အလင်းဝင်ရောက်လာတယ်လို့ ဆို

နောင်ချိုကို ထောင်နဲ့ချီတဲ့အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က အတင်းအဓမ္မ စုဆောင်းခဲ့တဲ့ တပ်သားသစ်အများအပြား အသုံးပြုနေပြီး အဲဒီတပ်သားတချို့တွေဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA ထံ အလင်းဝင်ရောက်လာတယ်လို့ ဆိုသိရပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ဦးအပါအဝင် ၈ ဦးဒဏ်ရာရ

မနေ့ ဇူလိုင် ၁၃ရက် ည ၁၀နာရီခွဲဝန်းကျင် တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိမ်အနီးမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးကုတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့အစွန်ရပ်ကွက်တွေထဲ စစ်ကောင်စီတပ်တွေ ရောက်လာ

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့မှာ မနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်းအထိ မြို့အစွန်ရပ်ကွက်တွေထဲထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီဗုံးထပ်ကြဲ၊ လူထိခိုက်မှုရှိတယ်လို့ဆို

ဒီနေ့ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးထပ်ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ဖို့ “ဝ” ပြည် ခရိုင်လေးခုလုံးရှိ UWSA စစ်ဆေးရေးဂိတ်တွေအကုန် ဖျက်သိမ်း

“ဝ” ပြည်ရှိ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော၊ ဟိုပန် ခရိုင်လေးခုကြားမှာရှိတဲ့ UWSA ဂိတ်တွေအားလုံးကို ဖျက်သိမ်းဖို့ ဗဟိုကော်မတီက ညွှန်ကြားလိုက်တယ်လို့ စုံစမ်း သိရပါတယ်။

နောင်ချိုမြို့အနီးမှာ စစ်ကောင်စီနဲ့ TNLA၊ပူးပေါင်းတပ်တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာ ၃ ခုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထတပ်စခန်းကို KNLAနဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထတပ်စခန်းကို KNLAနဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ PKYY- Cobra column – တပ်ခွဲ ၂ မှ ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။