Browsing Category
သတင်း
3814 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
လားရှိုးမြို့မှာ ဆေးကြောင်ပြီး မောင်းနှင်လာတဲ့ကားတစ်စီး ကားနဲ့ဆိုင်ကယ်တွေကို တိုက်မိလို့ ၂ ဦး ဒဏ်ရာ အပြင်းအထန်ရ
စစ်ကောင်စီ ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၇)ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)အနီးမှာ မူးယစ်ဆေးကြောင်ပြီး မောင်းနှင်လာတဲ့ ကားတစ်စီးက ကားနဲ့ ဆိုင်ကယ်တွေကို တိုက်မိလို့ ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေး မဟုတ်သေးကြောင်း MNDAA ရဲ့ စစ်ဦးစီးချုပ်ပြော
လက်ရှိ စစ်ကောင်စီတပ်နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေးမဟုတ်သေးဘူးလို့ ကိုးကန့်တပ်- MNDAA ရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Mr. Peng De Ren က ပြောဆိုထားတယ်လို့ The Kokang က မနေ့ အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင် ပျူရွာရှိ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးထိမှန်ဒဏ်ရာရ
မကွေးတိုင်း ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင် ပျူရွာရှိ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဇီမြေကိုပြောပါတယ်။
ဒီပဲယင်းမြို့နယ် ဘုတ္ထန်းရွာကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်လို့ အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဘုတ္ထန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောင်းကင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
MNDAA ဖမ်းဆီးသွားတဲ့ ကွတ်ခိုင်က အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦး နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွား
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာအုပ်စု လွယ်အွန်ရွာက ကလေးတစ်ဦးကို ကိုးကန့်တပ် MNDAA တပ်ဘက်က ဖမ်းဆီးပြီးနောက် နှိပ်စက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မန်လီရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်နေ
စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ သီပေါမြို့နဲ့ PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်အစပ်ရှိ မန်လီကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာထဲရှိ နေအိမ်တချို့ မီးလောင်မှုဖြစ်ပွါးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။