Browsing Category
သတင်း
3143 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
တပ်သားသစ်စုဆောင်းခံရပြီး နောင်ချို စစ်မြေပြင် ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ထံ အလင်းဝင်
စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရပြီး နောင်ချိုစစ်မြေပြင်မှာ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်လာကြောင်း ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပုဂံညောင်ဦးမှာ စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့တာတွေ လုပ်နေ၊ ရွာပေါင်း ၅ ရွာထက်မနည်း မီးရှို့ခံထားရပြီး လူပေါင်း ၂ သောင်းကျော် ထွက်ပြေးနေရ
ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံညောင်ဦးမှာ စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုတွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ကလေးငယ်အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ပိုးဇာနဲ့ ဖော့တောကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။