တရုတ်ဘက် အလုပ်သွားလုပ်မယ့်သူကို စာအုပ်သက်တမ်း တိုးပေးမယ်ဆိုပြီး မူဆယ် ထွေအုပ်စာရေးမနဲ့ တောင်ကြီး လဝကဝန်ထမ်း ပေါင်းပြီး သိန်း ၃ ထောင်ကျော် လိမ်လည်သွား

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်- BP စာအုပ် သက်တမ်း တိုးပေးမယ်ဆိုပြီး တရုတ်ဘက် အလုပ်ဝင်လုပ်မယ့်သူတွေဆီကနေ မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးမဖြစ်တဲ့ မဖူးပွင့်ခိုင်နဲ့ တောင်ကြီး လဝကရုံးမှ စိုင်းလီက သိန်း ၃ ထောင်ကျော် လိမ်လည်သွားပါတယ်။

ဖားကန့်မြို့မှာ ကားလမ်း ပိတ်ဆို့မှုကြောင့် စားသောက်ကုန် စံချိန်တင် မြှင့်တက်လာပြီး လူထုတွေ အခက်အခဲ ကြုံနေရ

ဖားကန့်မြို့မှာ ကားလမ်း ပိတ်ဆို့မှုကြောင့် ကုန်စည်ဈေးနှုန်း မြှင့်တက်လာပြီး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီမြို့ကနေ ကိုးကန့်တပ် ပြန်ဆုတ်မယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ကိုးကန့်တပ်က အုပ်ချုပ်ရေးပိုင်း တိုးမြှင့်လုပ်ဆောင်နေ

သိန္နီမြို့ကနေ ကိုးကန့်တပ်- MNDAA က ပြန်လည်ဆုတ်ခွာဖို့ စစ်ကောင်စီနဲ့ သဘောတူလိုက်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

နောင်ချိုမြို့သိမ်းအပြီး စစ်ရှောင်တွေကို စစ်ကောင်စီတပ်က မြို့ထဲအထိ ခေါ်လာကာ ကြိုဆိုခိုင်းပြီး တစ်ယောက် ၅ ထောင်နဲ့ ဒံပေါက် ကျွေးပြီး စစ်ရှောင်စခန်း ပြန်ပို့ခဲ့

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့အပြီး စစ်တပ်ဟာ ၎င်းတို့ကို ကြိုဆိုရေးလုပ်ဖို့ စစ်ရှောင်တွေကို ခေါ်ယူကာ အသုံးပြုခဲ့တယ်လို့ ကိုယ်တိုင်ပါခဲ့ဝင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာ ဘုန်းကြီးကျောင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင် သံဃာတော် ၁ ပါး ဒဏ်ရာရ

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်မှာ MDF ဒုဥက္ကဋ္ဌ စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့အတူ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် Tipa ကျေးရွာမှာ ဇူလိုင် ၁၈ ရက် ည ၇ နာရီခန့်မှာ မရာကာကွယ်ရေးတပ်- MDF ရဲ့ ဒုဥက္ကဋ္ဌကို စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရဲစခန်း ဝင်ရောက် ပစ်ခတ်မှုအတွင်း ကျည် မလုံလောက်တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရွာ ရဲစခန်းကို အညာမြေ တပ်ပေါင်းစုနဲ့ မဟာမိတ် တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး တစ်ဦးက မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ဖက်ခြံ သွားရင်း မိုင်းနင်းမိလို့ ကျောက်မဲ ဟူးဆွန်ရွာက အမျိုးသမီးတစ်ဦး သေဆုံး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ ဟူးဆွန်ရွာမှာ လက်ဖက်ခြံ သွားနေရင်း မိုင်းနင်းမိလို့ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်ထဲက စစ်တပ်စခန်း ၃ ခုကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်က ၁၅ ဦး သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် ၁၆ ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်း ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ သတင်းထုန်ပြန်လာပါတယ်။

နောင်ချို နောင်ပြစ်ရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၊ စစ်ဘေးရှောင် သားအမိ ၂ ဦး သေဆုံး

နောင်ချိုမြို့နယ် နောင်ပြစ်ကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ စစ်ဘေးရှောင်လာတဲ့ ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။