Browsing Category
သတင်း
3814 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ရေနစ်မြှုပ်တာကြောင့် နမ္မတူ မိုင်းစိန်ရွာက စပါးခင်းနဲ့ စိုက်ပျိုးသီးနှံအများစု ပျက်စီး၊ လမ်းမပေါ်အထိ ရွှံ့နွံ ဖုံးတာကြောင့် ဖြတ်သန်းသွားလာလို့ မရသေး
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မိုင်းစိန်ရွာက စပါးခင်းနဲ့ စိုက်ပျိုးသီးနှံအများစု ပျက်စီးသွားတယ်လို့ ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ကြောင်း သံသယရှိတဲ့ နေအိမ်တွေကို ရဲ ဝင်စစ်ပြီး ငွေသိန်းဆယ်နဲ့ချီ တောင်း
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၅)မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ကြောင်း သံသယရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးပြီး ငွေသိန်းဆယ်နဲ့ချီ တောင်းခံခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ရွာငံထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က အစစ်အဆေးကြမ်းပြီး တပ်စွဲထားတဲ့ကျေးရွာတွေမှာ အဝင်အထွက်တွေကို ပိတ်ထား
ရှမ်းတောင် ရွာငံမြို့နယ်ထဲ တပ်စွဲထားတဲ့ ကျေးရွာတချို့မှာ ကျေးရွာတစ်ရွာနဲ့တစ်ရွာ အဝင်အထွက်လုပ်တာကို စစ်ကောင်စီတပ်က ပိတ်စို့ထားပြီး အသွားအလာလည်း စစ်ဆေးကြမ်းတမ်းနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လားရှိုးမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်းရဲတွေက ယာဉ်မောင်းလိုင်စင်၊ ကားနံပါတ်ပြားတွေကို ရှောင်တခင်စစ်ဆေးနေ၊ ငွေသိန်းချီတောင်းပြီး ပြန်လွှတ်ပေး
ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်းရဲတွေက ယာဉ်မောင်းလိုင်စင်၊ ကားနံပါတ်ပြားတွေ ရှောင်တခင်စစ်ဆေးနေပြီး ငွေသိန်းချီတောင်းကာ ပြန်လွှတ်ပေးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ခရီးသွားလာရေး ခက်ခဲတာကြောင့် ပျက်စီးနေတဲ့ နမ္မတူ – လားရှိုးလမ်းပိုင်းကို အချိန်မီပြင်ဆင်ဖို့ လိုအပ်နေ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ – လားရှိုးလမ်းပိုင်းကို တာဝန်ရှိသူတွေက ပြန်လည်ပြင်ဆင်တာရှိပေမယ့် ထပ်မံပျက်စီးနေတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတိုက်ခံရ၊ စစ်ကောင်စီဘက် ၈ ဦးသေဆုံး
မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၈ ဦးသေဆုံးခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ Zreo ပျောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကိုသက်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် နမ့်မောချောင်းအနီးရှိ လယ်ယာအများစု ရေဝင်လို့ စပါးအများအပြား ဆုံးရှုံးရ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ရှိ နမ့်မောရေချောင်းဟာ မိုးပြင်းထန်စွာရွာသွန်းပြီးတဲ့နောက် ရေမြင့်တက်လာကာ ချောင်းအနီးမှာရှိတဲ့ လယ်ယာတွေထဲထိ ရေဝင်လာတာကြောင့် ရိပ်သိမ်းထားတဲ့ စပါးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးတီကနေ သိရပါတယ်။
နမ္မတူနဲ့ မိုင်းဘော်ကြား ဆက်သွယ်ထားတဲ့ နမ့်ရီးတံတား ရေ နစ်မြှုပ်လို့ ဖြတ်သန်းသွားလာလို့ မရသေး
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တအာင်းဒေသ မန်တုံမြို့နယ် မိုင်းဘော်ကျေးရွာနဲ့ နမ္မတူမြို့နယ်ကြား ဆက်သွယ်ထားတဲ့ နမ့်ရီးတံတားရေနစ်မြှုပ်လို့ ဖြတ်သန်းသွားလာလို့ မရသေးကြောင်း ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။