မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စခန်းတချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ကောင်စီထံ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ MDY PDF ပြော

စစ်ကောင်စီတပ် ဗုံးကြဲနေတဲ့ကြားကနေ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနဲ့ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံသိမ်းဆည်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွား၊ အပြန်အလှန်ပစ်ခတ်မှုရှိပေမဲ့ ဓားပြတွေ လွတ်မြောက်သွား

မန္တလေးမြို့ပေါ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက ရွှေဆိုင်ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတချို့ရှိပေမဲ့ ဓားပြတိုက်သူတွေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

မူဆယ်မြို့ အဝင်အထွက်ကို စစ်ကောင်စီတပ်က စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ နမ့်ခမ်းမြို့လမ်းဘက်နဲ့ ၁၀၅ မိုင်လမ်းဘက်က မြို့အဝင်အထွက်တွေကို စစ်ကောင်စီတပ်က စစ်‌ဆေးရေး ပိုမိုတင်းကြပ်လာတယ်လို့ စုံစမ်းသိရှိရပါတယ်။

မူဆယ်မြို့မှာ အမျိုးသမီးနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အမျိုးသမီးနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ မူဆယ်မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“နာဂ” ကျေးရွာခံတွေကို KIA က အဓမ္မနည်းနဲ့ တပ်သားစုဆောင်းတာ၊ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေဟာ “နာဂ”လူမျိုးတွေကို ဆော်ကားခြင်းဖြစ်ပြီး နောက်ဆက်တွဲပဋိပက္ခကို တာဝန်ယူရလိမ့်မယ်လို့ NSO ထုတ်ပြန်၊ အကြိမ်ကြိမ်သတိပေးပေမယ့် ဂိတ်ရုပ်သိမ်းတာ မရှိလို့ ဖယ်ရှားခြင်းဖြစ်ကြောင်း KIAတုန့်ပြန်

“နာဂ” ကျေးရွာခံ လူငယ်ရာနဲ့ချီကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA က တပ်သားအဖြစ် စုဆောင်းခဲ့တဲ့လုပ်ရပ်နဲ့ တပ်ဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးတဲ့ လုပ်ရပ်တွေဟာ နာဂလူမျိုးတို့ကို ဆော်ကားခြင်းဖြစ်တယ်လို့ “နာဂ”ကျောင်းသားအဖွဲ့ – NSO က ထုတ်ပြန်ခဲ့ပါတယ်။

မြဝတီမှာ သောင်ရင်းမြစ်ရေ မြှင့်တက်လာတာကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေ နစ်မြှုပ်နေ

ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ သောင်ရင်းမြစ်ရေ မြှင့်တက်လာတာကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေ နစ်မြှုပ်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုကို သိမ်းပြီးနောက် TNLA၊ DPLA နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၆၀ ဦး အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်

ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် တအာင်းမတော်- TNLA၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၆၀ ဦး အလင်း ဝင်လာကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ မနေ့ ဇူလိုင် ၂၂ ရက် ညပိုင်းက ထုတ်ပြန်လာပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ သိန္နီက ဓာတ်ဆီဆိုင်တစ်ဆိုင် ပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့က မြို့ဦးဓာတ်ဆီဆိုင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ဆိုင်ရှင်ရဲ့သားဖြစ်သူ မီးလောင်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲနဲ့ သီပေါက ဒေသခံတချို့ တိမ်းရှောင်

စစ်ကောင်စီတပ်ရဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့ပေါ်က ဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်နေကြတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၉ ဦး လက်နက်နဲ့အတူ KNU ထံ အလင်းဝင်လာ

တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၉ ဦး လက်နက်နဲ့အတူ ကရင်အမျိုးသား အစည်းအရုံး- KNU ထံ အလင်းဝင်လာတယ်လို့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။