ရွှေကူကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ သင်္ဘောအုပ်စုကို ငဘတ်ဝမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တိုက်

ရွှေကူကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ငဘတ်ဝမှာ မနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ကချင်တပ်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဖြတ်တိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရပါတယ်။

ကျောက်မဲမြို့အနီး နောင်ပိန်ကျေးရွာကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

နောင်ချိုမြို့နယ်ကနေ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး နောင်ပိန်ကျေးရွာဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နမ့်ခမ်းမှာ SSPP က တပ်သားသစ် စုဆောင်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က တပ်သားသစ် စုဆောင်းဖို့ အစည်းအဝေး ခေါ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ရေဘေးသင့်နေတဲ့ တာချီလိတ်မှာ အရှိန်နဲ့ မောင်းလာတဲ့ စစ်ကောင်စီစစ်ကားကြောင့် ဆိုင်ခန်းတွေထဲ ရေစီးဝင်ပြီး ဆိုင်တွင်းပစ္စည်းတချို့ ပျက်စီး

ရှမ်းအရှေ့ တာချီလိတ်မြို့ရှိ ဒေသခံတွေ ရေဘေးသင့်နေတဲ့အချိန်မှာ လမ်းမပေါ် အရှိန်နဲ့ မောင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားကြောင့် ဆိုင်တွင်းပစ္စည်းတချို့ ပျက်စီးသွားခဲ့တယ်လို့ တာချီလိတ်မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်လည်ပြုပြင်ဖို့ TNLA ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတချို့ ဖြတ်သန်းသွားလာခွင့် ၁ ပတ်ထိ ပိတ်ပင်ထားမယ်

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်လည်ပြုပြင်ဖို့ တအာင်းတပ်မတော် – PSLF-TNLA ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတချို့ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်ထားမယ်လို့ PSLF/TNLA ရဲ့ မိုးကုတ်ခရိုင်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

နမ္မတူမြို့က အမျိုးသမီးငယ်တစ်ဦး ၅ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

တအာင်းတပ်မတော် – TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့က စတိုးကုန်း တတလ (၅) မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ၅ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းတောင် နေရာအများစုမှာ ရေကြီးမှုဖြစ်ပွားလို့ လူ ၆ဦးထက်မနည်း သေဆုံးတာတွေရှိနေပြီး ရွာလုံးကျွတ် ပျက်စီးတာလည်း ရှိနေ

ရှမ်းတောင်၊ ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာနဲ့ သိမ်းကုန်းကျေးရွာမှာ တောင်ကျရေကနေတစ်ဆင့် ရေကြီးမှုဖြစ်ပွားနေပြီး ရေနစ်မြုပ်သေဆုံးသူရှိနေသလို နေအိမ်တွေလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

မိုင်းယော်နဲ့တန့်ယန်းက တောင်ပေါ်ကျေးရွာတွေမှာ ကလေးငယ်တွေ ယားနာမျိုးစုံဖြစ်ပွါးနေပြီး ဆေးကုသမယ့် ဆေးပေးခန်းမရှိဖြစ်နေ

မိုင်းယော်နဲ့တန့်ယန်းမြို့ရှိ တောင်ပေါ်ကျေးရွာတွေမှာ ကလေးငယ်အများအပြား ယားနာမျိုးစုံဖြစ်ပွါးနေပြီး ဆေးကုသမယ့် ဆေးပေးခန်းတွေမရှိတာကြောင့် အခက်တွေ့နေကြတယ်လို့ အဲဒေသတွေဘက်ကို ကွင်းဆင်းနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ သစ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွား

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ သစ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပေါက်မြို့နယ် စဖဲရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ် စဖဲကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။