ပင်းတယမြို့နယ်မှာ ရေကြီးမှုကြောင့် သေဆုံး ဒဏ်ရာရသူ ၉ ဦးအထိရှိလာ၊ ရေဘေးသင့်ပြည်သူ ၃၀၀ နီးပါးရှိပြီး အကူအညီလိုအပ်နေ

ရေးကြီးရေလျှံမှုကြောင့် ရှမ်းတောင် ပင်းတယမြို့နယ် သိန်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းနဲ့ အုံအက်ကျေးရွာမှာ သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးအထိ ရှိလာတယ်လို့ ရေဘေးသင့်တဲ့ပြည်သူတွေကို ကူ အကူအညီပေးနေသူတွေဆီက သိရပါတယ်။

ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့တဲ့ ကလောမြို့က မြေနိမ့်ပိုင်းရပ်ကွက် ၃ ခုမှာ ရေပြန်ကျနေပြီဖြစ်၊ မိုးဆက်ရွာနေလို့ ရေကြီးရေလျှံထပ်ဖြစ်မှာကို စိုးရိမ်

ရှမ်းတောင်၊ ကလောမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းရပ်ကွက် ၃ခုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓနုဒေသမှာ ရေကြီးရေလျှံမှုကြောင့် ရွာချင်းဆက် တံတားများ ကျိုးကျပျက်စီး၊ ကားလမ်းရေကျော်မှုများ ကြုံတွေ့နေရ

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနဲ့ ရွာငံမြို့နယ်မှာ မနေ့ ဇူလိုင် ၂၈ရက်ကစပြီး မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး သွားရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျက်နေတဲ့ မိုးကုတ်လမ်းပိုင်းကို ခေတ္တပိတ်မယ်လို့ ထုတ်ပြန်ပြီး ၁ ရက်အကြာမှာ မိုးကုတ်မြို့ကို ဂျက်ဖိုင်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ၊ သေဆုံးမှု မြင့်တက်လာနိုင်၊ ဗုံးကြဲအပြီး မိုးကုတ်မြို့ခံတွေကို လူသားဒိုင်းလုပ်ဖို့ လမ်းပိတ်ထားတာလို့ စစ်ကောင်စီက ပြန်ဝါဒဖြန့်နေ

PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၂၉ ရက်မှာတင် ဂျက်ဖိုင်တာ ၃ စီးနဲ့ လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၃ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မိုးကုတ် အရှေ့ပိုင်းကို ဂျက်ဖိုက်တာ ၂စီးနဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ဒီနေ့ ဇူလိုင် ၂၉ရက်နေ့ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။

နောင်ချိုဒေသခံတစ်ဦးကို မိသားစုဝင်ရှေ့မှာတင် စစ်ကောင်စီတပ် ပစ်သတ်ခဲ့

ရှမ်းမြောက်၊ နောင်ချိုမြို့နယ် လုံစံကျေးရွာခံတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိဘဲ သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမှာ ကလေး သူခိုးတွေရှိနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မှာ ကလေးငယ်တွေကို ခိုးသူတွေရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချို–မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီ ထိုးစစ်ဆင်နေ၊ သုံးဆယ်ရွာကို စစ်ကောင်စီ ပြန်ထိန်းချုပ်

စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် နောင်ချို–မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး သုံးဆယ်ရွာကို စစ်ကောင်စီ ပြန်ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေ ကို ပြောပါတယ်။

နမ့်ဆန်မြို့နယ်မှာ လက်ဖက်နဲ့ ရောနှောဖို့ တောင်သမာရွက်တွေကို တစ်ပိဿာ ၈၀၀ ကျပ်နဲ့ ဝယ်ယူနေ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ တောင်သမာရွက်နဲ့ လက်ဖက်မဟုတ်တဲ့ တစ်ခြားအရွက်တွေကို တစ်ပိဿာ ၈၀၀ ကျပ်နဲ့ ဝယ်ယူနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန်ဝိန်း ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့တဲ့ တပ်ရင်းမှူးကို ထောင်ဒဏ် ချမှတ်လိုက်ပြီဖြစ်ကြောင်း SSPP က ထုတ်ပြန်

ကွတ်ခိုင်မြို့နယ် မန်ဝိန်းကျေးရွာက ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်ရင်းမှူးကို ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ SSPP က ဒီနေ့ ဇူလိုင် ၂၈ ရက် ထုတ်ပြန်ထားပါတယ်။