သီပေါ ဗုံးကြဲပြီး နာရီပိုင်းအကြာမှာပဲ မိုးကုတ်ကို စစ်ကောင်စီတပ် ဗုံးထပ်ကြဲ

တအာင်းတပ်မတော် PSLF/ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းဘက်ကို ဒီနေ့ ဩဂုတ် ၉ ရက် ညနေ ၆ နာရီခွဲအကျော်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါမြို့ပေါ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ လက်နက်ကြီးကြောင့် တပတ်အတွင်း သေဆုံးသူ အရပ်သား ၉ ဦးရှိပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ တစ်ပတ်အတွင်း အရပ်သား ၉ ဦးခန့် သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူနဲ့ ရသေ့တောင်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး စာသင်ကျောင်းနဲ့ ဓမ္မာရုံ ပျက်စီးပြီး လူထိခိုက်မှုရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ စာသင်ကျောင်းတို့ ပျက်စီးပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွတ်ခိုင်မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁၆ ဦးကို တအာင်းရဲတပ်ဖွဲ့က တရုတ်ထံ လွှဲပြောင်းပေး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲ ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ဖားဆောင်းမှာ ဗုံးကြဲခံရပြီး ဒေသခံ ၃ ဦး ဒဏ်ရာရ

ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ ဓားပြ လိုက်တိုက်ပြီး လူသတ်နေတဲ့အဖွဲ့တစ်ခုကို ပြည်သူ့စစ်က ဖမ်းမိ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ထဲ ဓားပြ လိုက်တိုက်ပြီး လူသတ်နေတဲ့ ဓားပြအဖွဲ့တစ်ခုကို နမ့်ခမ်းမြို့မ(၂) ပြည်သူ့စစ်အဖွဲ့က ဖမ်းမိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂ ခုမှာ မြေအောက်စာသင်ကျောင်း ၄ ခုကို S&C စစ်ဘေးမီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဆောက်လုပ်လှူဒါန်းပေး

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ကာကွယ်ဖို့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂ ခုမှာ မြေအောက်စာသင်ကျောင်း ၄ ခုကို ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း S&C စစ်ဘေးမီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ရွှေဖီမြေကို ပြောပါတယ်။

သီပေါမှာ ဒုဌဝတီမြစ်ရေ တက်လာလို့ ရွာတချို့ ပြောင်းရွှေ့နေထိုင်ရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် ပန်ဆောက်ရွာမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံတွေ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အုတ်ဖိုမှာ PDF တွေကို ပေါ်တာ ဆွဲမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သတ်ခံရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာမှာ အခြေစိုက်တဲ့ ခမရ ၆ က အုတ်ဖို တာဆုံဘက် ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရှင်းလင်းခဲ့တယ်လို့ ဒီနေ့ ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။