ပေါက်မြို့နယ် ဆယ်ဝရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်း ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရန်ကုန်မှာ ကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းမိ၊ AA နဲ့ SSPP ဗိုလ်မှူးနှစ်ဦး ပါဝင်ဆက်စပ်နေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ ရခိုင်ပြည်နယ်နဲ့မလေးရှား ရေပိုင်နက်ဘက် ပို့ဆောင်မယ့် ကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မူးယစ်တပ်ဖွဲ့က မနေ့ ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာရှင်ကို သက်ဆိုး ရှည်စေတဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲ ကန့်ကွက်ကြောင်း TLC ထုတ်ပြန်

စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ- TLC က မနေ့ ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ရေး တင်းမာနေတဲ့ သပိတ်ကျင်းမြို့နယ် တတက ၁၃ အနီးကို စစ်တပ်က Y-12 နဲ့ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်

တော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား စစ်ရေး တင်းမာနေတဲ့ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးမှာရှိတဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်အနီးကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ် အရှေ့သရက်ကုန်းရွာကို စစ်တပ်က ဒရုန်းနဲ့ ‌ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ ဦး သေဆုံး

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ‌အရှေ့သရက်ကုန်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မြို့နယ် မှော်စီစာရွာမှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာမှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံဖြစ်တဲ့ Tarlin Mg က ရွှေဖီမြေကို ပြောပါတယ်။

နောင်ပိန်ရွာထဲ စစ်တပ်က လက်နက်ကြီးနဲ့ဒရုန်းအပြင် လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်တပ်က လက်နက်ကြီးနဲ့ဒရုန်းအပြင် လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်တပ်နဲ့ ပျူ‌စောထီး မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၅ ဦးကိုလည်း သတ်ဖြတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်းခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းက ဩဂုတ် ၁၆ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်ကြာ စစ်ကြောင်းထိုးပြီး နေအိမ် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရေး မြောက်ပိုင်းမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား၊ စစ် ဖက်တပ်များ တစ်ဦးစီ ထိခိုက်ကျဆုံး

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ် တပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တပ်ရင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဟားခါးမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကျောင်းသူနှစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာရပ်ကွက် နာရီစင်အနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။