ကျဆုံးရဲဘော်တွေကို အလေးပြုတာနဲ့ ဒဏ်ရာရစစ်သည်တွေကို DPLA က ဂုဏ်ပြုပေး
တော်လှန်ရေးကာလအတွင်း ကျဆုံးရဲဘော်တွေကို အလေးပြုတာနဲ့ ဒဏ်ရာရစစ်သည်တွေကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်- DPLA/ DPLF က ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့တယ်လို့ DPLA ရဲ့ ဥက္ကဋ္ဌ ကိုထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။အဲဒီအခမ်းအနားကို မနေ့ သြဂုတ် ၂၃ ရက် DPLA ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။