ကွတ်ခိုင်က မူးယစ်ဆေးသုံးစွဲသူ အမျိုးသားတစ်ဦးကို KIA ဖမ်းဆီးသွားပြီး ၅ ရက်အကြာမှာ သေဆုံး

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) က အမျိုးသားတစ်ဦးကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ကချင်တပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ ‌မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နတ်မောက်က လဲဘူးရွာ စံပြရပ်ကွက် ဗုံးကြဲခံရမှုမှာ သားအမိ ၃ ဦးအပါအဝင် ၅ ဦး သေဆုံး

မကွေးတိုင်း နတ်မောက်မြို့နယ် လဲဘူးကျေးရွာ စံပြရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၃ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ ရွာခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်မှာ တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံး

ကချင်ပြည်နယ် ဗန်းမော်မြို့မှာမှာ ဩဂုတ်လ ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်တပ် KIA ပူးပေါင်းတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

လေညာမြို့ဘက်သို့ ဦးတည်တက်လာတဲ့ စစ်‌တပ်ရဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့က‌နေ လေညာမြို့ဘက်သို့ ‌ဦးတည်တက်လာတဲ့ စစ်တပ်ယာဥ်တန်း ၃ စီးကို တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့ ဩဂုတ်လ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုင်းရယ်မြို့အဝင်ဂိတ်မှာ ဂိတ်လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်အုပ်စုက ငွေတွေ ကောက်ခံနေတာကြောင့် ကားသမားတွေ အခက်တွေ့

စစ်ကောင်စီတပ် အုပ်ချုပ်နေတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့အဝင်အထွက်ရှိတဲ့ စစ်တပ်ဂိတ်မှာ ဂိတ်လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်တွေက ကုန်ကားသမားတွေထံ ငွေကြေး အဆမတန် ကောက်ခံနေတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်း လွယ်ခွါင်က ကလေးငယ်တစ်ဦး ၅ ရက်ကြာ ပျောက်ဆုံးနေ

တအာင်းတပ်မ‌တော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆာလူကျေးရွာအုပ်စု လွယ်ခွါင်ကျေးရွာက ကလေးငယ်တစ်ဦးဟာ ၅ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေတယ်လို့ မိခင်ဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်အရှေ့ပိုင်း ဗုံးကြဲခံရမှုမှာ ဒေသခံ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိမှန်ပျက်စီး

မနေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်မှာ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့နေအမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၁၁ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

ရခိုင်ပြည် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်အရှေ့ပိုင်း ဗုံး ထပ်ကြဲခံရ၊ ထိခိုက်ဒဏ်ရာရသူရှိ

PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။