စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောက်မဲမြို့နယ် မက်မန်းကုန်းသာရွာက လင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံး

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် နားအိုက်ခန့်အုပ်စု မက်မန်းကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ကျောက်မဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပင်တိန်မှာပဲ သောင်တင်နေ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေက ရှေ့တိုးလာနိုင်ခြင်း မရှိသေးဘဲ နောင်ပိန်အုပ်စု ပင်တိန်ကျေးရွာမှာပဲ သောင်တင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး ဒဏ်ရာရ

စစ်တပ်ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့က သံတိုသံစရောင်းဝယ်တဲ့ နေအိမ်တစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့က ရိုက်နှက်တဲ့ လားရှိုး နမ့်ကျန်က အမျိုးသားတစ်ဦး ဗိုက်ခွဲလိုက်ရတဲ့အထိ ဖြစ်ပွား

ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာက အမျိုးသားတစ်ဦးကို ကိုးကန့်တပ်မတော် MNDAA က ရိုက်နှက်ခဲ့တာကြောင့် ဗိုက်ခွဲလိုက်ရတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်မှာ စျေးဆိုင်ရောင်းနေတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး အသတ်ခံရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် လေရှိကျေးရွာမှာ ဒီနေ့ စက်တင်ဘာလ ၄ ရက် နေ့လယ်အချိန်မှာ အိမ်စျေးဆိုင် ရောင်းနေတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး အသတ်ခံလိုက်ရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လောက်ကိုင်ဘက်ကို ခရီးသည် သွားပို့ရင်း ပျောက်ဆုံးနေတဲ့ လားရှိုးက ယာဉ်မောင်းတစ်ဦးဟာ ခရီးသည်နှစ်ဦးရဲ့ ဓားပြတိုက် သတ်ဖြတ်တာ ခံရ

“ဝ”တပ် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကနေ ကိုးကန့်တပ် ထိန်းချုပ်တဲ့ လောက်ကိုင်မြို့ဘက်ကို ခရီးသည် သွားပို့ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မောင်အိုက်ရီဟာ ပျောက်ဆုံးနေတာ မဟုတ်ပဲ အသတ်ခံခဲ့ရတာလို့ သူ့ရဲ့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲ – မိုးကုတ် လမ်းပိုင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ဒီနေ့ စက်တင်ဘာ ၄ ရက် တစ်ရက်ထဲမှာတင် စစ်ကောင်စီတပ်က တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ – မိုးကုတ်လမ်းပိုင်းပေါ်ရှိ ကျေးရွာ ၂ ရွာကို ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါအဝင် ၈ ဦးသေဆုံး

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စိုးမိုးထားတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ် (၂) စစ်ဆင်‌ရေးနယ်မြေမှ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲက ပန်ကွမ်ရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။