အပစ်ရပ် ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ သပိတ်ကျင်းက ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖရဲ့ သတင်းတာဝန်ခံ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာငံလွှတ်တော်အမတ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ သေဆုံးခဲ့ကြောင်း ပြော

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးမင်းကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် ၅ လအကြာမှာ သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေမထားဖို့နဲ့ မစီးဖို့ စစ်ကောင်စီပြင်းပြင်းထန်ထန်သတိပေးထား

ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားရှိဖို့နဲ့ စီးနင်းမှုတွေမလုပ်ဖို့စစ်ကောင်စီက ပြင်းပြင်းထန်ထန်သတိပေးညွှန်ကြားထားတယ်လို့ မန္တလေးကသံဃာတော်တွေက ရွှေဖီမြေကို မိန့်ဆိုပါတယ်။

နောင်ချိုမြို့အနီး တိုက်ပွဲတွေ ရောက်လာတာကြောင့် မြို့အနီးရှိ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေ ရောက်လာတာကြောင့် မြို့အနီးရှိ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်က ထုတ်ပေးတဲ့ နေထိုင်ခွင့်ကဒ်နဲ့ တရုတ်ပြည်ဝင်ခွင့်ကဒ်ပြား လျှောက်လို့ရတယ်လို့ ဆို

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ ကိုးကန့်ဒေသခံကဒ်ပြားနဲ့ တရုတ်ပြည်ဝင်ခွင့်ကဒ်လုပ်လို့ရတယ်လို့ ကွမ်းလုံဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

PSLF/TNLA ထိန်းချုပ်ထားတဲ့မြို့တွေမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေ စတင်လုပ်ပေးနေ

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လူဝင်မှုကြီးကြပ်ရေးရုံး-လဝကဌာနက ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ဒေသခံတွေကို မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေကို စတင်လုပ်ဆောင်ပေးနေပါတယ်။

မူဆယ်မှာ အမျိုးသမီး ၁ ဦးကို အမျိုးသားတစ်စုက သေနတ်ထောက် ဓားပြတိုက်၊ အမျိုးသမီးတွေကို ပစ်မှတ်ထား ဓားပြတိုက်မှု နေ့စဉ်ဖြစ်နေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ရှိ စွမ်စော်ရပ်ကွက်မှာ အမျိုးသမီး ၁ ဦး ဓားပြတိုက်ခံရပြီး ဆိုင်ကယ်နဲ့ ဖုန်းပါသွားခဲ့တယ်လို့ ဓားပြတိုက်ခံရတဲ့သူနဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့အနီး ကံကြီးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်ရဲ့ လက်နက်ကြီး နောင်ချိုမြို့ပေါ် ကျရောက်ပြီး ဒေသခံ ၄ ဦး ဒဏ်ရာရ

နောင်ချိုမြို့အနီး ရောက်ရှိလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီနေ့ ဇွန်လ ၅ ရက်မှာ ကံကြီးရွာထဲ တိုက်ပွဲ ပြင်းထန်နေပါတယ်။

နေပြည်တော်နဲ့မန္တလေးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးနေ၊ ရဲမှူးအဆင့်ထိ ဖမ်းဆီးခံနေရ

စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ မန္တလေးမြို့မှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံနဲ့ ရဲနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ပေါ်က စာသင်ကျောင်းတွေ စစ်ကောင်စီ စတင်ဖွင့်လှစ်၊ လုံခြုံရေး စိုးရိမ်လို့ ကျောင်းတက်တဲ့ကလေးဦးရေ လျော့ကျနေ

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ အခြေခံပညာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပြီး လုံခြုံရေး စိုးရိမ်ချက်ကြောင့် ကျောင်းတက်တဲ့ ကလေးဦးရေ လျော့ကျနေတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။