၁၀၅ မိုင်မှာ လက်နက်အပြည်အစုံနဲ့ ပျောက်ကျား စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့သူ(၃)ဦးက ဓားပြတိုက်ခဲ့ပြီး အဲဓားပြအဖွဲ့ကို ညီနောင်မဟာမိတ်တပ်က အချိန်မှီဖမ်းဆီးရမိ

ညီနောင်မဟာမိတ်(၃)ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ စစ်ယူနီဖောင်းဝတ်ဆင်တဲ့ တရုတ်စကားပြောသူ ၃ ဦးက ကားတစ်စီးကို ဓားပြတိုက်ခဲ့ပြီး အဲဓားပြသူတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက အချိန်မှီ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်ထံသိရပါတယ်။

‘ဝ’တပ် ထိန်းချုပ်ဒေသအတွင်း ကျားဖြန့်အတွက် ‌‌အိမ်နဲ့ခြံ ဌားပေးရင် အရေးယူမယ်

‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ဒေသအတွင်းမှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း) အတွက် အိမ်နဲ့ခြံ ဌားပေးရင် အရေးယူမယ်လို့ လားရှိုးပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲ ပြန်လည် ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မနေ့ ဧပြီလ ၂၅ ရက်နေ့မနက် ၄ နာရီ ဝန်းကျင်ခန့်ကစပြီး ဒီနေ့ ဧပြီလ ၂၆ ရက်နေ့အထိ ၂ ရက်ဆက်တိုက် တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျိုင်းတုံ – တောင်ကြီးလမ်းမှာ အရက်မူးနေတဲ့ ကားသမားက ကားမောင်းလို့ ခရီးသည်ယာဉ် တိမ်းမှောက်ပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် ကျိုင်းတုံ – တောင်ကြီးလမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ခရီးသည်ကားတစ်စီးရဲ့ ကားသမားက အရက်မူးရင်း ကားမောင်းရာကနေ တိမ်းမှောက်လို့ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း လိုက်ပါစီးနင်းလာခဲ့တဲ့ ခရီးသည်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ကို ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်၊ ထိခိုက်မှု များတယ်လို့ ဆို

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှု များတယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၆ ဦး ဒီမောဆို့ PDF ထံ လက်နက်နဲ့တကွ CDM ဝင်ရောက်လာ

စစ်မှုထမ်း ဥပဒေအရ တပ်သားအဖြစ် စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၆ ဦး ကရင်နီဒေသမှာ အခြေစိုက်တဲ့ ဒီမောဆို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO Local PDF)ထံ လက်နက်နဲ့အတူ CDM ပြုလုပ်လာတယ်လို့ ဒီမောဆို့ PDF က ဒီနေ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ရက်အတွင်း လက်နက်ကြီး အကြိမ် ၁ ရာကျော် ပစ်ခတ်တိုက်ခိုက်၊ အဆိပ်ငွေ့ဗုံးနဲ့ပါ ဗုံးကြဲ

ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တစ်ရက်အတွင်း လက်နက်ကြီး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ စစ်ကောင်စီရဲ့ စည်ပင်လုပ်ငန်း မလည်ပတ်သေးတာကြောင့် လမ်းဘေးတွေမှာ အမှိုက်တွေ စုပုံနေ

စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ၎င်းရဲ့ စည်ပင်လုပ်ငန်းတွေ မလည်ပတ်နိုင်သေးတာကြောင့် အမှိုက်တွေ မသိမ်းနိုင်သေးဘဲ လမ်းဘေးတွေမှာ စုပုံနေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတာလို့ ကိုးကန့်တပ်ပြော

ကိုးကန့်တပ်မတော်- MNDAA အနေနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ထိန်းချုပ်ထားစဉ် ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတာဖြစ်တယ်လို့ ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရွာငံမှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်တာ ရှိနေကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းတောင် ရွာငံမြို့နယ်မှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်- SHRF ရဲ့ ဧပြီ ၂၄ ရက်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။