မူဆယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို TNLA တပ်သားလို့စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးရိုက်နှက်

တရုတ်-မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးကို တအာင်းတပ် – TNLA တပ်သားလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်ခဲ့တယ်လို့ ဖြစ်စဉ်တွေ့ခဲ့သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်လမ်း ဆိုင်းဖရာရွာမှာ ကလေးငယ် ၂ ဦး လက်နက်ကြီးကျည် ကောက်ဆော့ရာက ပေါက်ကွဲပြီး သေဆုံး

ဖားကန့်လမ်း ဆိုင်းဖရာရွာမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ ညနေပိုင်းက ကလေးငယ် ၂ ဦး လက်နက်ကြီးကျည် ကောက်ဆော့ရာက ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

တရုတ်ပြည်ဝင်ဖို့ ပွဲစားတစ်ဦးက နိုင်ငံကူးလက်မှတ်(စာအုပ်နီ) လုပ်ပေးမယ်ဆိုပြီး အမျိုးသမီး ၃ ဦးထံ ငွေကျပ် သိန်း ၉၀ လိမ်လည်သွား

တရုတ်ပြည် ရွှေလီမြို့ထဲကို ပွဲစားအမျိုးသမီးတစ်ဦးက နိုင်ငံကူးလက်မှတ် လုပ်ပေးမယ်ဆိုပြီး အမျိုးသမီး ၃ ဦးထံ ငွေကျပ် သိန်း ၉၀ လိမ်လည်သွားတယ်လို့ လိမ်ခံရတဲ့ ကာယကံရှင်ဖြစ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

CNFရဲ့ ဗဟိုစည်းရုံးရေးမှူးတစ်ဦးကို CDF Mindat က ဖမ်းဆီးထိန်းသိမ်းထား

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဒေသ(၄)ဒိုင်ရ်ဒေသ မကွီအိမ်နူးမြို့မှာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဗဟိုစည်းရုံးရေးမှူး တစ်ယောက်ဖြစ်တဲ့ ဦးဟုန်းနိုင်းရွှီကို ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)က ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဗန်းမော်မြို့ အဆောက်အဦးတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါသမားတွေ အခြေချထားတဲ့ နေရာတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ရှင်းလင်း

ဗန်းမော်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါသမားတွေ အခြေချထားတဲ့ နေရာတစ်ခုကို ဒီနေ့ မေလ ၂၇ ရက် မနက်ပိုင်းက KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမှာ ယာပြင်ကျေးရွာရှိ TNLA တပ်စခန်းတစ်ခု စစ်ကောင်စီထံ ထပ်မံလက်လွှတ်ခဲ့ရ

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ ယာပြင်ကျေးရွာရှိ တအာင်းတပ်မတော်- TNLA တပ်စခန်းကို စစ်ကောင်စီထံ ထပ်မံလက်လွှတ်ခဲ့ရတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းငေါ့မြို့မှာရှိတဲ့ SSPP ရဲ့ ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်ပေမဲ့ ဆက်တူးမယ်လို့ဆို

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။

မိုးကုတ်မှာ ဓားပြတိုက်ဖို့ ကြံစည်နေသူ ၃ ဦးကို ဖမ်းဆီးရမိ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဓားပြတိုက်ဖို့ ကြံစည်နေသူ အမျိုးသား ၃ ဦးကို တအာင်းတပ်မတော် PSLF/ TNLA ရဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

မိုင်းနင်းမိတဲ့ အင်တောက အမျိုးသားနှစ်ဦး ‌အပြင်းအထန် ဒဏ်ရာရရှိ

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်တောမြို့က လွယ်ဟောင်းကျေးရွာမှာ အမျိုးသား ၂ ဦးက မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြင်ဦးလွင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုင်စင်မဲ့ကားတွေစီးပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေ၊ လူထုတွေက ငွေ ၃ သောင်းကနေ ၁ သိန်းအထိ ပေးပြီး ပြန်ထုတ်နေရ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်နဲ့ရဲက ပူးပေါင်းပြီး လိုင်စင်မပါတဲ့ လူထုတွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးထားပြီး ငွေကျပ် ၃ သောင်းကနေ ၁ သိန်းအထိ ပေးပြီးပြန်ထုတ်ယူခဲ့ရကြောင်း ပြင်ဦးလွင်ရှိ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။