Browsing Category
ပြည်တွင်းသတင်း
2989 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
ချင်းပြည်တောင်ပိုင်းက မြို့နယ် ၃ ခုကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကောင်စီက တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ရှမ်းမြောက်မှာ စစ်ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာသူ ၉၀၀ နီးပါးရှိ၊ သူတို့တွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးဖို့ TWO တောင်းဆို
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်အထိ ရှမ်းမြောက်မှာ တိုက်ပွဲပဋိပက္ခတွေကြောင့် အရပ်သား ၈၉၄ ဦး ထိခိုက်နစ်နာခဲ့ရပြီး နစ်နာသူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က တောင်းဆိုလိုက်ပါတယ်။
၁၃/အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်က လူထုတွေ ခရီးသွားရင် ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာ ပါကြဖို့ စစ်ကောင်စီပြော
ရှမ်းပြည်အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားလိုတဲ့ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်အပါအဝင် ကျန်တဲ့ မျဉ်းစောင်းလည်း ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာ ပါကြဖို့ ကားဂိတ် တွေကို စစ်ကောင်စီက ပြောဆိုထားကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာကို TWO တောင်းဆို
စစ်ကောင်စီတပ်ကို မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဒေသမှာ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်တဲ့ “လုံခြုံမှုကင်းမဲ့သော ဘဝများ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။