ဖားကန့်မှာ လက်နက်ကြီးကျလို့ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင် ၁၈ ရက် ညနေပိုင်းက လက်နက်ကြီးကျလို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရသွားသလို လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးမှာ ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်၊ ငလျင်ဒဏ်သင့် အဆောက်အဦးတချို့ ပြိုကျမှုဖြစ်ပွား

ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့က ငလျင်ဒဏ် ခံခဲ့ရတဲ့ အဆောက်အဦးတချို့ ပြိုကျမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းကို လေကြောင်းကနေ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး၊ အလောင်း မရှင်းနိုင်သေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူသို့သွားတဲ့ လမ်းပေါ်ရှိ ယူမာရွာ အဲဗားဝင်းနား ကုမ္ပဏီရှေ့မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိရာကနေ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်နဲ့ကျောက်မဲမြို့မှာ ငလျင် သိသိသာသာလှုတ်ခတ်ခဲ့

ဒီနေ့ ဇူလိုင် ၁၈ရက်နေ့ ညနေပိုင်း ၄နာရီအချိန်မှာ မိုးကုတ်မြို့နဲ့ကျောက်မဲမြို့တွေမှာ ငလျင်သိသိသာသာလှုတ်ခတ််သွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဗုံးကြဲမှု‌ကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေအတွက် လားရှိုးမြို့ခံတွေက အခမဲ့ဆေးကုသမှုနဲ့ အိမ်ခန်းအခမဲ့ ငှါးပေးတာတွေနဲ့ ကူညီဆောင်ရွက်ပေးနေ

စစ်ဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲနဲ့ သီပေါမြို့တွေကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေအတွက် လားရှိုးမြို့ခံတွေက အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

TNLA၊ DPLA နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၁၄ ဦး အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်

တအာင်းမတော် TNLA၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နဲ့ မန္တလေး PDF တို့ တပ်ဖွဲ့ဝင် ၁၅ ဦး အလင်းဝင်လာကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ မနေ့ ဇူလိုင် ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

AA ထိန်းချုပ်နယ်မြေမှာ စတားလင့်အင်တာနက် အသုံးပြုခ တစ်နာရီ ၂,၀၀၀ ကျပ် သတ်မှတ်ထား

အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စတားလင့်အင်တာနက် အသုံးပြုခ စျေးနှုန်း တစ်နာရီကို ၂,၀၀၀ ကျပ်နဲ့ တပြေးညီ AA က သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တာချီလိတ်မြို့ ညစျေးတန်းရှိ ဆိုင်ခန်းပေါ် သစ်ပင်လဲကျတာကြောင့် ဒေသခံ ၄ ဦးဒဏ်ရာရ

ရှမ်းအရှေ့ တာချီလိတ်မြို့ ညစျေးတန်းရှိ ဆိုင်ခန်းပေါ်ကို သစ်ပင်လဲကျတာကြောင့် ဒေသခံ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ စစ်ကောင်စီတပ်က လူငယ်တွေကို လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်လို့ စွတ်စွဲပြီး လိုက်လံဖမ်းဆီးနေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်တစ်ချို့မှာရှိတဲ့ လူငယ်တွေကို လိုက်လံစစ်ဆေးဖမ်းဆီးနေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။