ထောင်တွင်း ဆေးကုသခွင့် မရတာကြောင့် ဒဂုံ တကသအဖွဲ့ဝင် မဝတ်ရည်အောင် ကျဆုံး

ထောင်တွင်း အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရပြီး ဆေးကုသခွင့် မရရှိခဲ့တာကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် ကျဆုံးခဲ့တယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ထံ အဓမ္မ စုဆောင်းခံရတဲ့ စစ်သား ၄ ဦး KNLA ထံ လက်နက်နဲ့အတူ အလင်းဝင်

ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNU/KNLA ထံ စစ်ကောင်စီတပ်သား ၄ ဦး အလင်းဝင်ခဲ့တယ်လို့ ခလယ်လွီထူခရိုင် KNU က ထုတ်ပြန်လာပါတယ်။

ကျောက်မဲနဲ့ မိုင်းလုံကြား လမ်း ပျက်စီးနေတာကြောင့် ကားတွေ နေ့စဉ်လိုလို ပိတ်မိနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့ကြားမှာ လမ်း ပျက်စီးနေတာကြောင့် ကားတွေ နေ့စဉ်လိုလို ပိတ်မိနေပါတယ်။

မန္တလေး PDF ထိန်းချုပ်နယ်မြေဘက် အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၃ စီးကို MDY-PDF က တိုက်ခိုက်ဖျက်ဆီးခဲ့

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ဘက် စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကို MDY-PDF က ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF က ထုတ်ပြန်ထားပါတယ်။

သီပေါမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ထပ်မံ တိုက်ခိုက်

PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပုလောမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း ပုလောမြို့နယ် မိမ္မမြို့ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ရွှေဖီမြေကို ပြောပါတယ်။

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း ငဖဲမြို့နယ် နောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

မူဆယ်မှာ ပိုင်ရှင်မဲ့အလောင်း ထပ်တွေ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။