မူဆယ်မှာ အမျိုးသားတစ်ဦး ငါးမျှားရင်း ရေနစ်သေဆုံး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသားတစ်ဦး ငါးမျှားရင်းကနေ ရေနစ်သေဆုံးသွားတယ်လို့ နှလုံးလှပရဟိတအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိတ်ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး- KNU က ထုတ်ပြန်ထားပါတယ်။

မူဆယ်က ပြည့်တန်ဆာရုံတွေ ပိတ်ထားရာကနေ လိုင်းကြေး ထပ်တိုးကောက်ပြီး ပြန်လည်ဖွင့်လှစ်

ရှမ်းမြောက် မူဆယ်မြို့ပေါ်ရှိ ပြည့်တန်ဆာရုံတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းက သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းနဲ့ ခရိုင်၊ မြို့နယ်၊ မြို့မရဲတပ်ဖွဲ့က ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပြည့်တန်ဆာရုံအများစု ပိတ်သိမ်းခဲ့ကြောင်း သိရပါတယ်။

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်မှု မြို့လုံးကျွတ်နီးပါး ပြုလုပ်၊ သေဆုံးသူနဲ့ မသန်စွမ်းတွေပါ စာရင်းထဲ ပါဝင်နေ

မန္တလေးမှာ စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့အတွက် မဲနှိုက်မှုကို မြို့လုံးကျွတ်နီးပါး ပြုလုပ်ခဲ့ပြီး အသက်သေဆုံးသူနဲ့ မသန်စွမ်းတွေအတွက်ပါ မဲနှိုက်မှု ပြုလုပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် နောင်မွန်ရွာဘက် တိမ်းရှောင်နေရတဲ့ စစ်ရှောင် ၅၀၀ ကျော်ကို ကိုးကန့်တပ် ထောက်ပံ့ပေး

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲနဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် တိမ်းရှောင်နေကြတဲ့ ဒေသခံတွေအတွက် ကိုးကန့်တပ်က လိုအပ်တဲ့ ငွေကြေး အထောက်အပံ့ ပေး‌နေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်မှာ လေပြင်း တိုက်ခတ်လို့ သစ်ပင် ကျိုးကျပြီး မီးကြိုးပြတ်ကာ ၂ ဦး ဓာတ်လိုက်ခံရ

ရှမ်းအရှေ့ တာချီလိတ်မြို့မှာ လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင် ကျိုးကျရာကနေ မီးကြိုး ပြတ်ပြီး ဓာတ်လိုက်လို့ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်ဒေသမှာရှိတဲ့ လုပ်ငန်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆိုင်းဘုတ်တွေကို တရုတ်၊ မြန်မာနှစ်ဘာသာ ရေးရမယ်လို့ ကိုးကန့်တပ် ထုတ်ပြန်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လုပ်ငန်း ဆိုင်းဘုတ်၊ ကြေညာချက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆိုင်းဘုတ်တွေကို တရုတ်၊ မြန်မာ နှစ်ဘာသာ ရေးရမယ်လို့ ကိုးကန့်တပ်က မနေ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်ဘက် အလုပ်သွားလုပ်မယ့်သူကို စာအုပ်သက်တမ်း တိုးပေးမယ်ဆိုပြီး မူဆယ် ထွေအုပ်စာရေးမနဲ့ တောင်ကြီး လဝကဝန်ထမ်း ပေါင်းပြီး သိန်း ၃ ထောင်ကျော် လိမ်လည်သွား

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်- BP စာအုပ် သက်တမ်း တိုးပေးမယ်ဆိုပြီး တရုတ်ဘက် အလုပ်ဝင်လုပ်မယ့်သူတွေဆီကနေ မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးမဖြစ်တဲ့ မဖူးပွင့်ခိုင်နဲ့ တောင်ကြီး လဝကရုံးမှ စိုင်းလီက သိန်း ၃ ထောင်ကျော် လိမ်လည်သွားပါတယ်။

ဖားကန့်မြို့မှာ ကားလမ်း ပိတ်ဆို့မှုကြောင့် စားသောက်ကုန် စံချိန်တင် မြှင့်တက်လာပြီး လူထုတွေ အခက်အခဲ ကြုံနေရ

ဖားကန့်မြို့မှာ ကားလမ်း ပိတ်ဆို့မှုကြောင့် ကုန်စည်ဈေးနှုန်း မြှင့်တက်လာပြီး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီမြို့ကနေ ကိုးကန့်တပ် ပြန်ဆုတ်မယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ကိုးကန့်တပ်က အုပ်ချုပ်ရေးပိုင်း တိုးမြှင့်လုပ်ဆောင်နေ

သိန္နီမြို့ကနေ ကိုးကန့်တပ်- MNDAA က ပြန်လည်ဆုတ်ခွာဖို့ စစ်ကောင်စီနဲ့ သဘောတူလိုက်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။