Browsing Category
ပြည်တွင်းသတင်း
3086 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
လားရှိုးကနေ ပြင်ဦးလွင်ကိုသွားတဲ့ အမျိုးသားတစ်ဦးနဲ့ လားရှိုးကနေ တွင်းငယ်ကိုသွားတဲ့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေ
ရှမ်းမြောက် လားရှိုးကနေ ပြင်ဦးလွင်ကိုသွားတဲ့ အမျိုးသားတစ်ဦး တစ်လနီးပါးကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေသလို လားရှိုးကနေ တွင်းငယ်ကိုသွားတဲ့ အမျိုးသားတစ်ဦးလည်း ၁၀ ရက်ကြာ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် နောင်ပိန်ရောက် ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး စစ်ရှောင် ၅ ဦး ထိမှန်ဒဏ်ရာရ
ရှမ်းမြောက် နောင်ချိုမြို့ကနေ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး နောင်ပိန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကန့်ဘလူမြို့နယ်ရှိ NUG ရဲ့ ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၊ ကလေးငယ်အပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အရှေ့ပိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွင့်လှစ်ထားတဲ့ ဆေးရုံးတစ်ခု ဗုံးကြဲခံရပြီး ကလေးငယ်အပါအဝင် ၅ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ချောင်းဦးနယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီး၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ဦးအပါ ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
စစ်နဲ့မဆိုင်တဲ့ အရပ်သားလူထုအပေါ် ပစ်မှတ်ထားပြီးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို ရပ်တန့်ဖို့ တရုတ်အပါအဝင် နိုင်ငံတကာက ကူညီဆောင်ရွက်ပေးဖို့ TNLA တောင်းဆို၊ ကျဆုံးလုနီးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းတိုက်ခိုက်ကြရန် တိုက်တွန်း
စစ်ကောင်စီတပ်ဟာ စစ်နဲ့မဆိုင်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဟိုတယ်၊ တည်းခိုခန်းတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေလျက်ရှိနေတယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။
နောင်ချိုမှာ TNLA၊ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တွေကို စစ်ကောင်စီတပ် လိုက်လံချိတ်ပိတ်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ နောင်ချိုမြို့မှာ တအာင်းတပ်မတော် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တွေကို လိုက်လံချိတ်ပိတ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှရဲစခန်းဗုံးကြဲခံရမှုမှာ စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသား သေဆုံးသူ ၂၀ ကျော်ရှိပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရဲစခန်း ဗုံးကြဲခံရမှုမှာ အကျဥ်းသား ၂၁ ဦး၊ အကျဥ်းသူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိတယ်လို့ မန္တလေး-PDF က ထုတ်ပြန်ပါတယ်။