Browsing Category
ပြည်တွင်းသတင်း
3086 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
လိုင်ဇာအနီး ဂျဲယန်ချောင်းတလျှောက်မှာ ရေကြီးလို့ စစ်ရှောင်စခန်းနဲ့ ရွာကနေအိမ် ၁၀၀ ကျော် ရေထဲမျောပါသွားပြီး လူ ၆ဦးထက်မနည်းလည်း မျောပါသွား
ကချင်ပြည်နယ်၊ လိုင်ဇာအနီး ဂျဲယန်ချောင်းတလျှောက်က စစ်ရှောင်စခန်းနဲ့ ရွာတွေဟာ မနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာတာကြောင့် ဂျဲယန်ချောင်း ရေကြီးလာလို့ နေအိမ် ၁၀၀ ကျော် ရေထဲမျောပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ၈၀ ဦးဒဏ်ရာရ
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ တစ်လအတွင်း အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ၈ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
(၁၂)နှစ်အရွယ် ကလေးထိန်း မိန်းကလေးငယ်တစ်ဦးကို နှိပ်စက်ခဲ့သူ၂ ဦးကို UWSA က နှစ်ရှည်ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်
(၁၂)အရွယ် ကလေးထိန်း အမျိုးသမီးငယ်ကို နှိပ်စက်ခဲ့သူ၂ ဦးကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ရဲ့ တရားရေးဌာနက ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခဲ့တယ်လို့ ‘ဝ’သတင်းတွေကိုဖော်ပြနေတဲ့ WSP က မနေ့ ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒရုန်း၊ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လူအင်အား အလုံးအရင်းနဲ့ နောင်ချို-မိုးကုတ်လမ်းကို စစ်တပ် ထိုးစစ်ဆင်နေ၊ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ TNLA ပ
စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချို- မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
တာချီလိတ်မှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီး စွန့်ပစ်
ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်က ဖော်ပြထားပါတယ်။