နောင်ပိန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားနေ၊ ကားနဲ့လူ ရေထဲ မျှောပါတာ ရှိနေ

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နတ်အိမ်တောင်စခန်းဘက် စစ်ကူလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၄ ဦး သေဆုံး

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း-မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းဘက် စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ မွန်ပြည်တော်လှန်ရေးတပ်- MSRF ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ဒေသခံမဟုတ်သူတွေအတွက် ၆ လသက်တမ်းရှိ ယာယီဒေသခံကတ်ပြား လုပ်ပေး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ နေထိုင်ပြီး ဒေသခံ မဟုတ်သူတွေအတွက် ၆ လသက်တမ်းရှိတဲ့ ဒေသခံကတ်ပြား လုပ်ပေးနေတယ်လို့ ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လားရှိုးမှာ စစ်ကောင်စီတပ်သားတစ်ဦး မိုင်းနင်းမိ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်သားတစ်ဦး မိုင်း နင်းမိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ရောက်လာပြီးနောက် နေ့တိုင်းနီးပါး တိုက်ပွဲ ပြန်လည် ပြင်းထန်လာ

ကချင်ပြည်နယ် ဗန်းမော်မှာ စစ်ကောင်စီရဲ့ စစ်ကူ စစ်‌င်္ဘောတွေ ရောက်လာပြီးနောက် နေ့တိုင်းနီးပါး တိုက်ပွဲ ပြန်လည်ပြင်းထန်လာကြောင်း စစ်ရှောင်အပြင် ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းလေးဒေသမှာ ရေတက်နှုန်း မြင့်နေပြီး လူနေအိမ် ၂၀၀ ကျော် ရေ စတင်ဝင်ရောက်လာ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ရေတက်နှုန်း မြင့်နေပြီး ရေပေါ်ကျေးရွာထဲက လူနေအိမ် ၂၀၀ ကျော်ထဲ ရေ စတင်ဝင်ရောက်လာတာကြောင့် နေရာရွှေ့ပြောင်းနေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

သံတောင်ကြီးမှာ မြေပြိုမှုကြောင့် ကလေး ၂ဦး အပါအဝင် ဒေသခံ ၉ ဦးသေ ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် သံတောင်ကြီးမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်သွားတာကြောင့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၉ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးဆီက သိရပါတယ်။

မိုးကုတ်ကို ဦးတည်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဟိုခိုကျေးရွာအထိ ရောက်ရှိလာ

နောင်ချိုကနေ တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရင်က စစ်တပ်ရဲ့ ရဲဘက်အကျဥ်းစခန်းတွေရှိတဲ့ ဟိုခိုကျေးရွာအထိ ရောက်ရှိလာတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဖားကန့်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံ ၃ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံဖြစ်တဲ့ Tarlin Mgက ရွှေဖီမြေကို ပြောပါတယ်။

လိုင်ဇာမှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းနှစ်ခုကြားရှိ ဆေးပေးခန်းရေထဲမျောပါသွားလို့ အရေးပေါ်ဆေးဝါးတွေလိုအပ်နေ

ကချင်တပ်မတော်-KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ရေကြီးမှုကြောင့် ဂျေယန့်နဲ့ ဖွန်လွမ်ယန်စစ်ရှောင်စခန်းနှစ်ခုကြားရှိ ဆေးပေးခန်းမှာ အရေးပေါ်ဆေးဝါးလိုအပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။