ဆိုင်းတောင်မှာ လက်နက်ကြီး ကျလို့ ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့် ဆိုင်းဝောာင်မှာ မနေ့ ဩဂုတ် ၇ ရက် ည ၉ နာရီကျော်က လက်နက်ကြီး ကျရောက်လို့ ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွဆီက သိရပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အပေါ် UWSA နဲ့ NDAA က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

စစ်ကောင်စီ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အပေါ် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA နဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်- NDAA က မနေ့ ဩဂုတ် ၇ ရက်မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

စစ်ကောင်စီခန့် ရှမ်းပြည်ဝန်ကြီးချုပ်နဲ့ “ဝ”တပ် ပန်ဆန်းမှာ တွေ့ဆုံ

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရှမ်းပြည်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ “ဝ”ပြည် ပန်ဆန်းမြို့မှာ “ဝ”တပ်မတော်- UWSA နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဟားခါး မြို့လယ်မှာ ရဲကား တိုက်ခိုက်ခံရပြီး ရဲအရာရှိတစ်ဦး သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့လယ်မှာ ဒီနေ့ သြဂုတ် ၇ ရက် နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီး တိုက်ခိုက်ခံရပြီး ရဲအရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံတောင်ကြီးမှာ ဖြစ်ပွားတဲ့ မြေပြိုမှုမှာ သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွားတာကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိမ့်ဝင်နေတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က PSMS စနစ် အသုံးပြုပြီး စစ်ဆေးဖမ်းဆီးမယ်လို့ဆို

ရှမ်းတောင် တောင်ကြီးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိမ့်ဝင်နေတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က PSMS စနစ်ကို အသုံးပြုပြီး စစ်ဆေးကာ ဖမ်းဆီးတာတွေ ပြုလုပ်သွားမယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေကြီးရေလျှံမှု ဖြစ်နေတဲ့ ကျောက်မဲမှာ ရေထဲ မျောပါသေဆုံးတဲ့ အမျိုးသားအလောင်း ၂ လောင်း တွေ့ရှိ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်နေတဲ့ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်မှာ ရေထဲ မျောပါပြီး သေဆုံးနေတဲ့ အမျိုးသားအလောင်း ၂ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြက်ရိတ်ဓားနဲ့ လက်နက်ကြီး ရိတ်မိရာကနေ ပေါက်ကွဲပြီး ဘန်လောရွာခံတစ်ဦး သေဆုံး

တနင်္သာရီတိုင်း ညောင်ပင်ကွင်းရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို မြက်ရိတ်ဓားနဲ့ ရိတ်မိရာကနေ ပေါက်ကွဲခဲ့တာကြောင့် ဘန်လောရွာခံတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမှာ မိုးရွာသွန်းမှုကြောင့် ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ မိုးရွာသွန်းမှုကြောင့် မြို့တွင်းက ရပ်ကွက်တချို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့မှာ ဒေသခံတွေအတွက် မှတ်ပုံတင် ပြုလုပ်ပြီးစီးပြီး ရွာပိုင်းအထိ လုပ်ပေးနေ၊ ပြီးစီးသွားရင် ဂိတ်တွေမှာ စစ်ဆေးသွားမယ်လို့ဆို

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံံနဲ့ နမ္မတူ စတဲ့မြို့ ၃ မြို့မှာ တအာင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဒေသခံတွေအတွက် မှတ်ပုံတင် (ဒေသခံကတ်ပြား) ပြုလုပ်ပေးတာ ပြီးစီးသွားပြီလို့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။