Browsing Category
ပြည်တွင်းသတင်း
3086 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
တောင်ကြီးမှာ စစ်မူထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရသူ တစ်ဦး ရှေ့တန်းမှာ သေဆုံးပြီး ၆ လအကြာမှ မိသားစုထံ အသိပေး၊ စစ်တပ်က ပေးတဲ့ နာရေးစရိတ်ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြတ်စားခဲ့
ရှမ်းတောင် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှာ စစ်မူထမ်း အပတ်စဉ် (၁) မှာ အတင်းအဓမ္မ ခေါ်သွားခံရသူ တစ်ဦး ရှေ့တန်းမှာ သေဆုံးပြီး မိသားစုထံ ၆ လအကြာမှ အကြောင်းကြားလာခဲ့တယ်လို့ တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
နောင်ချိုနဲ့ ကျောက်မဲကြားက ပင်ပေါရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီး
ရှမ်းမြောက် နောင်ချိုမြို့နဲ့ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ကြားက ပင်ပေါကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမှာ ထောက်ခံစာတစ်စောင်ရဖို့ မြို့မ ရဲစခန်းမှူး ကိုယ်တိုင် ရဲထောက်ခံစာ လက်မှတ်ထိုးခ အမျိုးအစားအလိုက် ငွေ ၁ သိန်းကနေ ၅ သိန်းအထိ သတ်မှတ်ထား
စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ထောက်ခံစာတစ်စောင်ရဖို့ လားရှိုးမြို့မ ရဲစခန်းမှူး ဦးညိုဝင်းကိုယ်တိုင်က ရဲထောက်ခံစာ တစ်စောင်ကို အမျိုးအစားအလိုက် လက်မှတ်ထိုးခအနေနဲ့ ငွေ ၁ သိန်းကနေ ၅ သိန်းအထိ သတ်မှတ်ထားတယ်လို့ ပေးဆောင်ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မြိုင်နဲ့ပေါက်မြို့နယ်တွေကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေကို စစ်ကောင်စီတပ်ဘက်က ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကိုပြောပါတယ်။
ပန်ဆန်းမှာ အလုပ်သွားလုပ်ဖို့ သွားတဲ့ သီပေါက အမျိုးသားတစ်ဦး ၂ လကျော်ကြာတဲ့အထိ ပျောက်ဆုံးနေ
တအာင်းတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရှမ်းမြောက် သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု ကောင်းဟက်ရွာက အမျိုးသားတစ်ဦး “ဝ”တပ် UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့ဘက်မှာ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားရာကနေ ၂ လကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေပါတယ်။
ကျောက်မဲမှာ အသက် ၅ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦး သတ်ခံရပြီး စွန့်ပစ်ခံရ၊ တရားခံကို TNLAက ဖမ်းဆီးထား
တအာင်းတပ်မတော်- PSLF/TNLAထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ အသက် ၅ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးကလေးငယ်တစ်ဦးကို အသက် ၃၂ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက ချုံပုတ်ကြားထဲမှာ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပဲခူးတိုင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လို့ ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ
တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပဲခူးတိုင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်-၂ စစ်ဆင်ရေးနယ်မြေမှ ထုတ်ပြန်ထားပါတယ်။