Browsing Category
ပြည်တွင်းသတင်း
3086 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
တောင်ကြီးမှာ စစ်တပ်က ဦးဆောင်ပြီး TNLA နဲ့ MNDAA ကို ဆန္ဒပြခိုင်း၊ ဆန္ဒပြပွဲဟာ သွေးကွဲစေဖို့နဲ့ရှမ်းလူထုဆန္ဒ မပါကြောင်း RCSS နဲ့ DYC ထုတ်ပြန်
ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်တပ်က ဦးဆောင်ပြီး ဒေသခံတွေကို တအာင်းတပ်မတော်- PSLF/ TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA ကို အလိုမရှိကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခိုင်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာ စက်တပ် လေထီးနဲ့ တိုက်ခိုက်ခံရ၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က စက်တပ် လေထီးနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ Monywa Roads Information- MRI ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ် အထိုင်ချထားတဲ့ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှာ အင်အား ၄၀ ကျော်နဲ့ အထိုင်ချထားတဲ့ စစ်တပ်ရဲ့ ဘော်ဒါကျေးရွာ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၂ က ထုတ်ပြန်လာပါတယ်။
မူဆယ်-၁၀၅ မိုင်ကြားမှာ စစ်တပ်က ငွေတောင်း ကြမ်းနေ၊ ကားအသေးတစ်စီးကို ၃ သိန်းအထိ တောင်းနေ
စစ်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်-၁၀၅ မိုင်ကြား မူဆယ်မြို့အထွက်မှာရှိတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ငွေတောင်း ကြမ်းနေတယ်လို့ ကိုယ်တိုင် ပေးခဲ့ရတဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။