စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒီမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင် ကလေး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင် ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ကလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။

နမ့်ခမ်းမှာ ဝါယာကြိုးရှော့ဖြစ်ရာကနေ ဘော်ဒါဆောင်တစ်ခု မီးလောင်

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အမှတ် (၁) ရပ်ကွက် ကောင်းတပ်ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုမှာ ဝါယာကြိုးရှော့ဖြစ်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ကမ်းပါနီရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကမ်းပါနီကျေးရွာထဲကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့ စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ကွတ်ခိုင်ရှိ လောင်းကစားရုံတွေမှာ အရှုံးများနေတာကြောင့် ကားဝပ်ရှော့ဆိုင်အချို့က အပ်နှံထားတဲ့ ကားတွေရောင်းပြီး ထွက်ပြေးရတဲ့အထိ ဖြစ်နေ

တအာင်းတပ်မတော် PSLF/ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ KTV အပြင် လောင်းကစားဝိုင်းတွေလည်း ပိတ်သင့်ကြောင်းနဲ့ တချို့ ဝပ်ရှော့ဆိုင်တွေမှာ လောင်းကစားကြောင့် အပ်နှံထားတဲ့ ကားတွေကိုရောင်းပြီး ထွက်ပြေးသွားရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွါးနေတယ်လို့ ကွတ်ခိုင်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိတ်-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

မြိတ်-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမအတိုင်း စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံသောင်းချီ ဘေးလွတ်ရာကိုတိမ်းရှောင်နေရ

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်‌နေရပြီး အရေး‌ပေါ်အကူအညီလည်းလိုအပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးဆက်တိုက်ကြဲနေ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားတစ်စုက အမျိုးသားတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်တဲ့ ရုပ်သံဖိုင်ဟာ တရုတ်ပြည်ထဲရှိ ကျားဖြန်အုပ်စုက လိမ်လည်ရိုက်ကူးထားတဲ့ ဇာတ်ကွက်ဖြစ်

ပြီးခဲ့တဲ့ စက်တင်ဘာ ပထမပတ်အတွင်း အွန်လိုင်ရလူမှုကွန်ရက်တွေမှာ ပြန်နှံ့နေခဲ့တဲ့ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်စုက အမျိုးသားတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ တရုတ်ပြည်ထဲမှာ ကျားဖြန်လုပ်ကိုင်သူတွေက လိမ်လည်ရိုက်ကူးထားတာဖြစ်ကြောင်း ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကျောက်တော်မြို့နယ်ထဲရှိ ကိုယ်ပိုင်ကျောင်းတစ်ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား၊ကျောင်းသူ ၁၈ ဦးသေဆုံး၊ ၂၀ ဦးထပ်မနည်း ဒဏ်ရာရ

ရခိုင်ပြည် ကျောက်တော်မြို့နယ်ထဲရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကလေးမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းစောင်းပုရွာသစ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။