ကွတ်ခိုင်နယ် သာသနာ့မြေနေရာမှာ ကိုးကန့်တပ်က စစ်ဆေးရေးဂိတ် ဆောက်လုပ်နေလို့ ဒေသခံတွေက ကန့်ကွက်နေ

ကွတ်ခိုင်မြို့နယ် မိုင်းယုလေးဒေသ ပန်ကိုင်ပန်လောအုပ်စု ဟိုခိုရွာက သာသနာ့ပိုင်နယ်မြေထဲကို ကိုးကန့်တပ် MNDAA က စစ်ဆေးရေးဂိတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အပစ်ရပ်သက်တမ်းထိုးထားတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်က နောင်ချိုမြို့အနီး ကံကြီးရွာမှာ တိုက်ပွဲပြင်းထန်နေ၊ ၂ ဖက်ထိခိုက်သေဆုံးမှုများ

ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမယ့် ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမှာ ဌာနဆိုင်ရာယာဥ်အပါအဝင် သံဃာတော်တွေစီးတဲ့ လိုင်စင်မဲ့ယာဉ်တွေပါ ဖမ်းဆီးနေ

ရှမ်းတောင် တောင်ကြီးမြို့ပေါ်မှာ ဌာနဆိုင်ရာ၊ အရပ်သားနဲ့ သံဃာတော်တွေ စီးတဲ့ကား၊ ဆိုင်ကယ်တွေကို စစ်ကောင်စီနဲ့ ယာဉ်ထိန်းရဲတွေက ပူးပေါင်းဖမ်းဆီးနေတယ်လို့ တောင်ကြီးရောက် အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမြို့အနီးရှိ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ကျေးရွာ ၂၀ မှာ အခြေခံပညာကျောင်း ဖွင့်လှစ်သွားမယ်

ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ကျေးရွာ ၂၀ မှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်သွားမယ်လို့ ကိုးကန့်တပ်က မနေ့ ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ မုံးကိုးက ကျေးရွာတချို့မှာ ၅နှစ်ကြာတဲ့အထိ ကျောင်းပိတ်ထားရလို့ စာသင်ကျောင်းပြန်ဖွင့်ပေးဖို့ ဒေသခံတွေ တောင်းဆို

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့ရှိ ကျေးရွာတချို့မှာ ၅ နှစ်ကြာတဲ့အထိ စာသင်ကျောင်းတွေ ပိတ်ထားရတာကြောင့် ကျောင်းပြန်ဖွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ဖားကန့်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီထဲ တာဝန်ထမ်းဆောင်သူ ဦးရွှေကြိမ်းနဲ့ ဦးသိန်းဇော်ရဲ့နေအိမ်ကို တအာင်းတပ် ချိတ်ပိတ်

တအာင်းဒေသ မန်တုံနဲ့ နမ့်ဆန်မြို့ထဲ နေထိုင်ပြီး အာဏာသိမ်း စစ်ကောင်စီထဲ တာဝန်ထမ်းဆောင်သူ ၂ ဦးရဲ့ နေအိမ်ကို တအာင်းတပ်မတော်- PSLF/TNLA ဘက်က ချိတ်ပိတ်လိုက်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ရပ် ၁ လ ထပ်တိုး

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA နဲ့ ကိုးကန့်တပ် MNDAA တို့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်တိုးမယ်လို့ မနေ့ ဇွန်လ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ညောင်ရွှေမြို့နယ် ရေပူနဲ့ဘုရားတောင်ရွာခံရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ

ရှမ်းတောင် ညောင်ရွှေမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်‌အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က စစ်ကြောင်း ထိုးလာပြီး ဒေသခံတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်မယ်

တရုတ်အကူအညီနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်လည် ထိန်းချုပ်ခွင့် ရခဲ့တဲ့ စစ်ကောင်စီဟာ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ပြန်လည် ဖွင့်လှစ်တော့မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။