လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ကိုးကန့်တပ် ထပ်မံတွေ့ဆုံ ဆွေးနွေးနေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မိုးကုတ်ကို နောင်ချိုကနေ ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ် လုပ်ဆောင်နေ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို နောင်ချိုနယ်ကနေ ထိုးစစ်ဆင်ဖို့ ​ပြန်လည်စတင်နေပြီလို့ မြေပြင်မှာ ရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖားကန့်မြို့ မရှီကထောင်ရွာက ဒေသခံတစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် မရှီကထောင်ရွာက ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၅လုံး ပျက်စီး

တအာင်းတပ်မတော်–PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျိုးကျပျက်စီးသွားတဲ့ ဂုတ်ထိပ်တံတားကို စစ်ကောင်စီ ပြုပြင်နေ၊ ဂုတ်တွင်း- နောင်ပိန်လမ်းပိုင်း ထိန်းချုပ်ဖို့ စစ်ကူပို့ဖို့ စစ်ကောင်စီကြိုးစားနေ

ရှမ်းမြောက် နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားကို စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ပိန်ဈေးကို စစ်ကောင်စီပြန်ဖွင့်ပေး၊ ဆိုင်တချို့က ပစ္စည်းတွေ ခိုးယူခံနေရ

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ဈေးကို စစ်ကောင်စီတပ်က ပစ္စည်းသိမ်းယူနိုင်ဖို့ မနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဈေးကို ပြန်ဖွင့်ပေးပြီး ဆိုင်တချို့က ပစ္စည်းတွေလည်း ခိုးယူခံနေရတယ်လို့ သိရပါတယ်။

လားရှိုးမြို့အဝင်မှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတင်းကြပ်လာ၊ လူငယ်တချို့ ဖမ်းဆီးခံရတာ ရှိနေ

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးမှုတွေ ပိုတင်းကြပ်လာပြီး လူငယ်တချို့ ဖမ်းဆီးခံရတာရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကျောက်မဲမြို့နယ် ပင်တိန်နဲ့ ခိုက်တုန်ဟုန်းရွာကြား တိုက်ပွဲပြင်းထန်နေ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေထဲ ရှမ်းမြောက်က ၁၇ မြို့နယ်ပါဝင်၊ TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ ကျောက်မဲကို ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေထဲ ထည့်သွင်းထား

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက မဲဆန္ဒနယ် ၁၂၁ ခုကို ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မနေ့ စက်တင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ် အင်းကြင်းမြိုင်အနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးဇင်း ၁ပါးနဲ့ အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အင်းကြင်းမြိုင်အနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးဇင်း ၁ပါးနဲ့ အမျိုးသား ၁ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။