ဖားကန့် အထက်မှော်ရှန်ရွာမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ကစားနေကြတဲ့ ကလေးငယ်ကြား ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ကချင်ပြည် ဖားကန့်မြို့နယ် အထက်မှော်ရှန်ရွာအနီးမှာ စစ်ကောက်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကိုင်း–ကချင်အစပ်က ဗန်းမောက်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ် အစပ်ဘက်ရှိ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ပြင်းထန်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူများ၊ ဒေသခံများဆီက သိရပါတယ်။

လားရှိုးရောက် စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား

ကျောက်မဲ တိုက်ပွဲကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ရှောင်လာတဲ့ သူတွေကို စစ်ကောင်စီရဲ့ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လာကူပေးတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ဆန်ဆိုင်ပိုင်ရှင် ပြန်လာသယ်သွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုင်းကိုင်မှာ ထွက်ပြေးသွားတဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေကို SSPPက ဖမ်းဆီးထားပြီး ငွေနဲ့ ပြန်ရွေးခိုင်း၊ တပ်သားအဖြစ်စုဆောင်းခံရသူတွေဟာ ကျားဖြန်ရုံတွေရဲ့ လုံခြုံရေးအဖြစ် သွားလုပ်ရ

ရှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို တပ်သားအသစ်စုဆောင်းဖို့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ဒေသခံတွေကို လိုက်လံဖမ်းဆီးနေပြီး ထွက်ပြေးသွားတဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးထားတာမျိုးတွေ ရှိနေတယ်လို့ ဖြစ်စဉ်သိရှိသူ မိုင်းကိုင်ဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မုံရွာမြို့မှာ စစ်ကောင်စီတပ်က အလုပ်အသွားပြန်တဲ့ ပြည်သူတွေကို ဖမ်းဆီးပေါ်တာဆွဲနေလို့ အသွားအလာဂရုစိုက်ရန်လိုအပ်

စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ စစ်ကောင်စီတပ်က အလုပ်သွားအလုပ်ပြန် ပြည်သူတွေကို ဖမ်းဆီးပေါ်တာဆွဲနေတာတွေ ပြုလုပ်နေတယ်လို့ Monywa Road Information- MRI ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

မတ္တရာမှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေး ၃ ဦး သေဆုံး

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒီယာရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲလို့ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာအနီးအထိ တိုက်ပွဲ ပြင်းထန်လာ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မတ္တရာမှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ အမျိုးသား ၃ ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ဥက္ကံရွာအနီးမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ဒေသခံ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay က ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မြို့ပေါ်ရှိ KTVနဲ့ အနှိပ်ခန်း ဆိုင်အားလုံး ရက်အကန့်အတ်မရှိ ပိတ်ပင်

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ပေါ်ရှိ KTVနဲ့ အနှိပ်ခန်းဆိုင်အားလုံးကို ရက်အကန့်အတ်မရှိ ပိတ်ပင်လိုက်ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကန့်ဘလူက ပြည်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ၆ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ ဘူးကုန်းလမ်းခွဲ ဇရပ်အနီးရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် မနက် ၈ နာရီမှာ ဆိုင်ကယ် ၃ စီးနဲ့ ရွှေမှော်ကနေ ပြန်လာတဲ့ ငှက်ပျောတိုင်းရွာဟောင်းက ဒေသခံ ၇ ဦးကိို ဘူးကုန်းဘုန်းကြီးကျောင်းဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။