ပန်ဆန်းက KTV တစ်ခုမှာ အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံး

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ရှိ KTV တစ်ခုမှာ အမျိုးသမီးတစ်ဦးက အသုံးများတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့အမှုန့်ကို အရှူလွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

တာချီလိတ်မှာ အမျိုးသမီးတစ်ဦး ကလေးမွေးပြီး အိမ်သာမှာ စွန့်ပစ်ခဲ့

ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားပြီး အိမ်သာမှာ သွားရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်မြို့ခံတွေဆီက သိရပါတယ်။

မိုင်းငေါ့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီမှ ၅ နှစ်အောက်ကလေး ၂ ရာနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) က ၅ နှစ်အောက် ကလေး ၂ ရာနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တအာင်းပြည် ကျန်းမာရေးကောင်စီက ပထမဆုံး လက်ဖက်မြေ ဆေးကျောင်း ဖွင့်လှစ်မယ်

တအာင်းပြည် ကျန်းမာရေးကောင်စီ – THC က ပထမဆုံး လက်ဖက်မြေ ဆေးကျောင်း – Tealand Medical School ဖွင့်လှစ်မှာဖြစ်ပြီး လျှောက်လွှာတွေကိုလည်း စတင်လက်ခံနေပြီလို့ ၎င်းတို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှားတောမြို့နယ်မှာ ရေကျောက်ရောဂါ ဖြစ်ပွားသူ ၁၈ ဦး ရှိနေတယ်လို့ KnMHC ထုတ်ပြန်

ကရင်နီပြည်နယ် ရှားတောမြို့နယ်က ကျေးရွာတစ်ရွာမှာ ရေကျောက်ရောဂါလို့ သံသယရှိသူ ၁၈ ဦး ရှိနေတယ်လို့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ- KnMHC က မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တအာင်းဒေသမှာ သက်တမ်းကုန်တဲ့ စားသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ ရောင်းချတာ ဆက်ရှိနေ၊ တအာင်းပြည် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ကြီးကြပ်သွားမယ်လို့ဆို

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက မုန့်ဆိုင်တချို့တွေမှာ သက်တမ်းကုန်နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေ ရောင်းချနေတာ ဆက်ရှိနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

MNDAAတပ်က ကလေးငယ် တစ်ထောင်ကျော်ကို ကာကွယ်ဆေးထိုးပေး၊ ကာကွယ်ဆေးလာရောက်ထိုးနှံဖို့ တိုက်တွန်းထား

ကိုးကန့်တပ်- MNDAA က သူထိန်းချုပ်ဒေသရှိ ကလေးငယ်တစ်ထောင်ကျော်ကို ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့တယ်လို့ ဒီကနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ရှိ KTV၊ အနှိပ်ခန်းမှာ အလုပ် လုပ်‌နေသူတွေကို ကာကွယ်ဆေး ထိုးပေးနေ

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာရှိ‌တဲ့ KTV နဲ့ အနှိပ်ခန်းမှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေကို ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနက ကာကွယ်ဆေး ထိုးပေးနေပါတယ်။

၅ နှစ်အောက် ကလေးငယ်၊ ကလေးမိခင်နဲ့ ကိုယ်ဝန်ဆောင် မိခင်အတွက် အရေးပေါ် ဆေးရုံတက် ကုန်ကျစရိတ် THO က ထောက်ပံ့မယ်

တအာင်းဒေသက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးနဲ့ အရေးပေါ် ကလေးမွေးဖွားတဲ့မိခင်၊ ကိုယ်ဝန်ဆောင် မိခင်တွေကို အရေးပေါ်ဆေးရုံတက်ဖို့ လိုအပ်လာရင် တအာင်းကျန်း‌မာရေး အဖွဲ့အစည်း- THO က ဆေးရုံတက် ကုန်ကျစရိတ်နဲ့ စားစရိတ် ခရီးစရိတ်ကို ထောက်ပံ့ပေးမယ်လို့ THO က ထုတ်ပြန်လာပါတယ်။

လားရှိုးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူကို ကိုးကန့်တပ်က အခမဲ့ ကုသပေးမယ်

ရှမ်းမြောက် လားရှိုးမြို့မှာ ကိုးကန့်တပ်မတော်- MNDAA က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူတွေကို အခမဲ့ ကုသပေးမယ်လို့ လားရှိုးမြို့ရဲ့ နယ်မြေမှူးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။