မူဆယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦး ရိုက်နှက်လုယက်ခံရ

‎ရှမ်းမြောက် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဆိုင်ကယ်စီးတဲ့ အမျိုးသားတစ်ဦးက ဆိုင်ကယ်လုခံရတဲ့အပြင် ရိုက်နှက်ခံခဲ့ရတယ်လို့ ဒေသခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီ ဗုံးကြဲလို့ ဘုရားကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖလမ်းက သီးဘွာလ်တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး ဆေးရုံအပါအဝင် အိမ်ရာတွေ ပျက်စီး

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက တိုက်နယ်ဆေးရုံဟာ လေကြောင်းဗုံးကြဲခံရပြီး ဆေးရုံအပါအဝင် ဝန်ထမ်းအိမ်ယာ (၆) လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ၆ နှစ်နဲ့ ၁၁ ရွယ်ကလေး ၂ ဦးအပါဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘို မြို့ရှောင်လမ်းမှာ ငွေတောင်းတဲ့ ရဲတွေ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ မနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းမှာ ငွေတောင်းနေခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပခုက္ကူ၊ ကံရပ်ကြီးရွာထဲက နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဝန်းသိုက နမ်းခမ်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းအင်ဖိုမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီး

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဂန့်ဂေါက မြင်းဇာရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတော် ၂ ပါး ထိမှန်ဒဏ်ရာရ၊ ကျောင်းဆောင်တချို့ မီးလောင်ပျက်စီး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဘိုမြို့အနောက်ခြမ်းက စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံး၊ရော့ကတ်၊ စစ်သေနတ်တွေနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရွှေဘို့မြို့အနောက်ခြမ်းက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ်၊ စစ်သေနတ်တို့နဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။