၁၀၅ မိုင်က စစ်ဆေးရေးဂိတ်မှာ ဗြုန်းတင်လာတဲ့ အမျိုးသားတစ်ဦး တင်ပို့ခွင့်စာအုပ် မရှိလို့ဆိုပြီး ရိုက်နှက်ခံရ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် (၁၀၅) မိုင်ရှိ စစ်ဆေးရေးဂိတ်မှာ ဗြုန်းတင်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို တင်ပို့ခွင့်စာအုပ် မရှိလို့ဆိုပြီး စစ်ဆေးရေးဂိတ်မှာ စောင့်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြိုင်မြို့နယ်က ဘုန်းကြီး‌ကျောင်းမှာ သိမ်းဆည်းထားတဲ့ ပြည်သူပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်တွေကို စစ်ကောင်စီတပ်ဖွဲ့က အဓမ္မ သိမ်းယူသွားပြီး သံဃာတော် ၂ ပါးကိုပါလည်း ရိုက်နှက်သွား

မကွေးတိုင်း မြိုင်မြို့နယ်က ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ ပြည်သူပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်တွေကို စစ်ကောင်စီတပ်ဖွဲ့က အဓမ္မသိမ်းယူသွားတဲ့အပြင် သံဃာတော် ၂ ပါးကိုလည်း ရိုက်နှက်သွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက သတင်းထုတ်ပြန်လာပါတယ်။

မန္တလေးမြို့လယ်ခေါင် လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာမှာ သားမိ ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရ

မန္တလေးမြို့လယ်ခေါင်၊ ရဲနဲ့ပျူစောထီးတွေ အချိန်ပြည့် ကင်းလှည့်စစ်ဆေးလေ့ရှိတဲ့နေရာမှာ သေနတ်နဲ့ ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုတစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ပြည်သူ့တရားရုံးက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချန်နဲ့ ၎င်းတို့ မိသားစုဝင် ၃ ဦးတို့ကို သေဒဏ်ကွပ်မျက်

စစ်ကောင်စီရဲ့ လက်ဝေခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ် လောက်ကိုင်ရဲ့ ကျားဖြန်ခေါင်းဆောင်လို့လည်း လူသိများတဲ့ ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချန် (Bai Yingcang) အပါအဝင် ၎င်းရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့ ဟူးရှောင်ချိန် (Hu Xiaojiang)၊ ယန်လီချိန် (Yang Liqiang)နဲ့ ချန်ဂွမ်းယီ (Chen Guangyi) တို့ကို တရုတ်က မနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ သေဒဏ်စီရင်ခဲ့တယ်လို့ တရုတ်ပြည်တွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အာဏာသိမ်း စစ်တပ်ကြောင့် ၅ နှစ်အတွင်း ကလေးအပါအဝင် အရပ်သား ၈ ထောင်နီးပါး သေဆုံးခဲ့တယ်လို့ AAPP ပြော

‎စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်းမှာ စစ်ကောင်စီတပ်ကြောင့် ကလေးအပါအဝင် အရပ်သား ၇,၇၃၈ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာမှာ ၅ နှစ်အတွင်း ပဋိပက္ခနဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၁ ထောင်နီးပါး ဖြစ်ပွား

စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံက အမျိုးသမီးတွေက ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၉၆၃ အကြိမ်အထိ ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB ရဲ့ စာရင်းအရ သိရပါတယ်။

ဖလမ်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တာချီလိတ်မှာ အလုပ် လုပ်ဖို့သွားတဲ့ အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အလုပ် လုပ်ဖို့သွားတဲ့ ရှမ်းမြောက်က အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပလမြို့က နေအိမ် ၇၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့က နေအိမ် ၇၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ကောလင်းအရှေ့ဘက်ခြမ်းက ငါးကြီးအိုင်ရွာကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းက ငါးကြီးအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။